Yllix

မုန်​တိုင်းသတင်း

မုန်တိုင်းသတင်း
************
၂၉-၅-၂၀၁၇
နံနက်(၃း၀၉)နာရီ

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေသော TC 02B မုန်တိုင်းဟာ (၂၈-၅-၂၀၁၇)ရက် ည(၀၉း၃၀)နာရီအချိန်တိုင်းတာချက်အရ Lat: 16.2°N , Long: 91.3°E ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း(Chittagong) မြို့၏
တောင်ဖက်  391 nautical miles (450 miles)အကွာရေပြင်ပေါ်တွင် 
ဗဟိုပြုနေပါတယ်။

လွန်ခဲ့သော(၆)နာရီအတွင်းက မုန်တိုင်းဟာ မြောက်အရှေ့မြောက်
ယွန်းယွန်းသို့ 8 knots(9 mph) နှုန်းဖြင့်ရွေ့လျှားခဲ့ပါတယ်။ လက်ရှိ အချိန်တွင် မုန်တိုင်းရဲ့ ဗဟိုချက်အနီးတွင် အများဆုံးလေတိုက်နှုန်းမှာ 49 knots
(55 mph) ခန့်တိုက်ခတ်လျက်ရှိနေပါတယ်။

မုန်တိုင်းသည် နောက်(၄၈)နာရီအတွင်း အရှေ့မြောက်ဖက်သို့
ဆက်လက်ရွေ့လျှားနိုင်ပြီး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မဖြတ်မီ
နောက် (၃၆)နာရီခန့်တွင် မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး အား
အကောင်းဆုံးအချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်း 65 knots(75 mph)
ခန့်အထိ ရှိလာနိုင်ပါတယ်။

(၄၈)နာရီ  နောက်ပိုင်းတွင် မုန်တိုင်းသည် တဖြည်းဖြည်းအားလျော့ကျ
လာပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်း နောက်(၇၂)နာရီခန့်တွင်
အားပျော့ပျက်ပြယ်သွားမယ်လို့ခန့်မှန်းရပါတယ်။

မုန်တိုင်းဗဟိုချက်အနီးပင်လယ်ပြင်တွင် ပင်လယ်ရေလှိုင်းအမြင့်(၁၂)ပေအထိရှိနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Credit


No comments:

Powered by Blogger.