Yllix

ကန့်​ဘလူက​တောင်​သူ​တွေအထမ်းခံရပြန်​ဘီ

ကန့်ဘလူကတောင်သူတွေအဖမ်းခံရပြန်ဘီ
****************************************

မှားနေတဲ့ မြေယာဥပဒေ မှာ မူဝါဒ ဆင်ချင်တုံတရား ကိုယ်ချင်းစာတရား ဆိုတာ တွေ မပါပါဘူး
တောင်သူတွေရဲ့အခွင့်အရေးကာကွယ်ပေးတာတွေမပါပါဘူး

ဒီတော့ ဥပဒေဟာ မြေသိမ်းသူတို့ဖက်မှာ ရှိပြီး သူ(အစိုးရ)ူက ဥပဒေ အရ ဆောင်ရွက်ပါတယ် မြေသိမ်းခံတို့ ဖက် တော့ ဥပဒေဟာ ထောင်မကျဖို့ သက်သက် ခုခံဖို့ပါ  ( ဒါပေမဲ့ ကျမှာပါပဲ )

ဒီကနေ့ အဖြစ်အပျက်မှာ

ဧပြီလ  27, 28 , 29 , 30  ရက်တွေက သိမ်းဆည်းခံ မြေယာမှာ ဝင်ရောက် သစ်စေ့ချခဲ့ တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် မြေမွန် ကွင်း မြေသိမ်းခံ တောင်သူများ ဖြစ်တဲ့ ဘူးကုန်းရွာ မှ ဒေါ်တင်ဋ္ဌေး ကိုတင့် မခိုင် ဒေါ်ရီဋ္ဌေး နဲ့ မြေမွန်ရွာ မှ ဒေါ်ခင် တို့ ပုဒ်မ ၄၄၇ ၄၂၇ တို့နဲ့ ကန့်ဘလူ မြို့နယ် တရားရုံးမှာ 15 . 5. 2017 နေ့က စ တရား ရင်ဆိုင်နေဆဲ

ဒီကနေ့ (29.5 .2017) နေ့ ဒုတိယ ရုံးချိန်းကို  အသွား မှာတော့ သူတို့ကိုပဲ ပုဒ်မ ၆ (၁ ) နဲ့  ထပ်မံ တရားစွဲ ခဲ့တာကြောင့် နေ့ချင်းပဲ ရွှေဘိုထောင်ကို ရောက်လို့ သွား ပါတယ်
Credit


No comments:

Powered by Blogger.