Yllix

ပီနန်းတွင်​​သောကြာ​နေ့ကမြန်​မာအမျိုးသမီးတဦး ထိုးသွင်​ဒဏ်​ရာ​ခြောက်​ချက်​ ဖြင့်​အသတ်​ခံရသည်

ပီနန်းတွင်သောကြာနေ့ကမြန်မာအမျိုးသမီးတဦး Taman
Belimbing, Bukit Tengah ရှိနေထိုင်ရာအခန်း၏
အပြင်ဘက်တွင်ထိုးသွင်းဒဏ်ရာခြောက်ချက်ဖြင့်အသတ်ခံရသည်။

သေဆုံးသူမတင်မာမိုးကိုညနေ ၇ နာရီခွဲခန့်မှာမြန်မာနိုင်ငံသား
ဖြစ်သူချစ်သူရည်းစားကနောက်ထပ်အမျိုးသားတဦးနဲ့ပတ်သက်
မှုရှိခဲ့တာကြောင့်အလုပ်ကပြန်လာချိန်ကိုမတင်မာမိုး၏နေထိုင်
ရာအခန်းအပြင်ဘက်တွင်စောင့်ဆိုင်းပြီးသတ်ခဲ့ခြင်းပဲဖြစ်ပါ
တယ်။

Central Seberang Prai OCPD ရဲအရာရှိဖြစ်သူ
Nik Ros Azhan Nik Abdul Hamad ကဖုန်းခေါ်
ဆိုမှုရရှိခဲ့ပြီးအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိချိန်မှာတရား
ခံထွက်ပြေးသွားပြီဖြစ်ကြောင်းပြောပါတယ်။

K9 လို့ခေါ်တဲ့ရဲတဦးကမီတာ ၇၀ ခန့်အကွားအဝေးရှိမြောင်း
ထဲတွင်ပုန်းအောင်းနေသောတရားခံကိုတနာရီမရှိပဲရှာဖွေဖမ်း
ဆီးနိုင်ခဲ့ပါတယ်။အသုံးခဲ့သည်ဟုယူဆရသော ၂၆ စင်တီမီတာ
ရှိဓားကိုလည်းတွေ့ရှိခဲ့ကြောင်းရဲအရာရှိကပြောပါတယ်။

သေဆုံးသူအလောင်းကို Seberang Jaya ဆေးရုံသို့ပို့
ဆောင်ထားပြီးတရားခံကိုသူသတ်မှုဖြစ်တဲ့ပုဒ်မ ၃၀၂ ဖြင့်
ဖမ်းဆီးထားပါတယ်။စစ်ဆေးဖို့အတွက်ချုပ်ရက်ရမန်နှစ်ပတ်
ပေးထားပါတယ်။

(The Star ရဲ့ဖော်ပြချက်ကိုကျိုးပဲ့နေသောအင်္ဂလိပ်စာဖြင့်
နားလည်သဘောပေါက်သလို ရေးတတ်သလိုပြန်ရေးသည်။)
Ko Aung San

   Ko Thet
Free Online Media Malaysia

http://www.thestar.com.my/news/nation/2017/05/27/cops-myanmar-womans-death-a-crime-of-passion/

#Edkza
Credit


No comments:

Powered by Blogger.