Yllix

မေလ ၁၉ ရက်​​နေ့ က ရှမ်း|​မြောက်​ နမ့်​ဖက်​ကာ အနီးမှာ KIA ရဲ့ ဆက်​​ကြေး​ကောက်​ ကားမီး ရှိုး ခြင်းခံ ရ​သော မြတ်​မန္တလာထွန်း ယာဉ်​လိုင်း ခရီးသည်​တင်​ကားမှ ခရီးသည်​ ၏အ​တွေ့ကြုံဖြစ်​ရပ်

မေလ ၁၉ ရက်နေ့က ရှမ်း/မြောက် နမ့်ဖတ်ကာအနီးမှာ
KIA ရဲ့ ဆက်ကြေးကောက် ကားမီးရှို့ခြင်းခံရသော မြတ်
မန္တလာထွန်းယာဉ်လိုင်း ခရီးသည်တင်ကားမှ ခရီးသည်၏ အတွေ့အကြုံ ဖြစ်ရပ်။
=============================
၁၉ -၅- ၂၀၁၇ နေ့လည် ၂နာရီမူဆယ်မှရန်ကုန်ကို မြတ်
မန္တလာထွန်း ကားစီးပြီးထွက်လာခဲ့ပါတယ်။

၃ နာရီစွန်းစွန်းမူဆယ်မြို့နယ်အထွက် ခိုမုန်းမှတ်တိုင်နား
ရောက်တော့ကားဆရာကရုတ်တရက်လမ်းဘေးဆွဲချ
ဘရိတ်နင်းသံကြောင့်တီဗြွီကည့်နေကြတဲ့ခရီးသည်များ
ရဲ့အထိတ်တလန့်အော်သံမေးသံတွေဆူညံသွားပါတယ်။

ကျွန်တော်မှကားဆရာကို ဘယ်သူဘာဖြစ်တာလဲမေးရာ
ဖြေသံမကြားရဘဲခပ်သုတ်သုတ်လက်အုပ်ချီပြေးဆင်း
သွားတာမျက်နှာတဝက်ပုဝါချည်ထားတဲ့လူကစာအိတ်
ပေးတာမြင်လို့ဘေးကိုကြည့်တော့လက်နက်ကိုင်များက
ကားတစ်စီးလုံးကိုသေနတ်နဲ့ထိုးချိန်ပြီး ကချင်လိုခရီးသည်
တွေကိုဆင်းခိုင်းပြီး ဘာမှမယူနဲ့ဆိုပြီးအမြန်းဆင်းခိုင်းလို့
ပျာရိပျာယာဆင်းပြီးကြည့်မိတော့ညာဘက်လက်မောင်း
မှာဒါးနှစ်လက်တံဆိပ်ဘယ်ဘက်ကစိမ်းနီဝါသုံးရောင်ချယ်
တံဆိပ်နဲ့KIA၁၅နှစ်သားအရွယ်ကချင်စကားပြောလေးငါး
ယောက်နဲ့ ၁၅ ဦးခန့်တွေ့တယ်။

သူတို့ခိုင်တဲ့အတိုင်းတောင်ခါးပန်းအနည်းငယ်မြင့်တဲ့ဘက်
ကိုနွားမောင်းသလိုကျွန်တော်တို့ ၃၅ ဦးခန့်ကိုမောင်းသွင်း
တော့ခရီးသည်အမျိုးသမီးငယ်/ကလေးငယ် / ဗိုက်ကြီး
သယ်အားလုံးအော်ငိုကြတယ်။
လက်အုပ်ချီတောင်းပန်ကြတယ်။
ခုနကပြောတဲ့ချာတိတ်ကသေနတ်ကိုင်ဆဲတော့အားလုံး
ငြိမ်သွားကြတယ်။

နောက်တယောက်ကဓါတ်ဆီပုန်းကိုင်ပြေးလာပြီးကားဘေး
တခြမ်းဆီလောင်းတယ်။ကျန်တစ်ယောက်ကအဝတ်စထုံး
ထားတဲ့အရာကိုမီးရှို့ပြီးကားဘေးပစ်တော့မီးကဝုန်ကနဲ
ထတောက်ပြီး ကားဆီကပေါက်ကွဲသံဆူညံနေတာပေါ့။

အဲ့ဒီအချိန်ခရီးသည်ရောသူတို့အဖွဲ့ပါပြေးလွှားနေကြတာ
သူတို့ကကချင်လိုအော်ပြီးတောင်အောက်ပြန်ပြေးဆင်းကြ
တယ်ကျွန်တော်တို့ကိုထားခဲ့တာပေါ့။ခရီးသည်အားလုံး
ကလဲရွာရှိတဲ့ဘက်ကိုနာရီဝက်နီးပါးလောက်ပြေးကြရတာ
မူဆယ်ဘက်ကစစ်တပ်ကနန့်ဖတ်ကာဘက်ကိုလာရင်
အလှမ်းဝေးတာပေါ့ရွာဘက်ကနေကြည့်တာနာရီဝက်
တစ်နာရီနီးပါးကြာတာတောင်မီးစွယ်မကျိုးဘူးခဏနေ
တော့လူတယောက်ကကားစီစဉ်ပေးတယ်ဒိုင်နာပက်လက်
ပေါ့။ဗိုက်ကြီးသယ်ကလေးမွေးတာမကြာသေးတဲ့လသား
အရွယ်ရှေ့ခန်းထားပြီးမြင်းဒုန်းစိုင်းစီးသလိုမျိုးနဲ့နန့်ဖတ်
ကာစစ်တပ်ထဲရောက်ခဲ့ကြတာပေါ့။

စစ်သားနားက ရေတောင်းသောက်တော့"အစ်ကိုကျွန်တော့်
ရေကမကောင်းဘူးဗျတဲ့"ရေဆာလွန်းလို့မသန့်လဲရပါတယ်
ခင်ဗျားဆိုပြီးတောင်းသောက်တာ ခါးကရေဗူးဖြုတ်ပေး
တယ်။အားပါးတရသောက်ဖြစ်တယ် ။ ခဏနေတော့
အားလုံးနားနေဆောင်မှာနားကြပါဆိုပြီး နေရာစီစဉ်ပေးပြီး
ရေသန့်ဗူးတွေလာချပေးတော့စောစောကရဲဘော်လေး
တွေကရေမသန့်တာသောက်ပြီးတို့အားလုံးကိုတော့ရေသန့်
သောက်စေခြင်တာပါလားလို့စိတ်ထဲကအောက်မေ့မိတယ်။

အားလုံးအငမ်းမရပေါ့စဉ်းစားကြည့်လေတနာရီကျော်
ပူလောင်ခဲ့တဲ့သောကတွေအဲလိုအချိန်ဘယ်သူငြိမ်းပေးနိုင်
မလည်းလို့။စစ်ဆေးမေးမြန်းတဲ့အချိန်တပ်မမှူးဆိုသူ
လာလို့ကားဆရာကသူရတဲ့စာအိတ်ပေးဖတ်နေတာအဝေး
ကတွေ့နေလေရဲ့။

ဒီလိုနဲ့ဒိုင်နာကားဒုန်းစီးလို့ကွတ်ခိုင်ရောက်လို့ထမင်းစား
(ကိုယ့်စံနစ်နဲ့ကိုယ်)အောင်းချမ်းသာထမင်းဆိုင်မှ ၅၀၀၀
ကျပ်စီပေးသည်။ည ၁၀ နာရီခွဲ တွင်လားရှိုးသို့ရောက်ပြီး
စီစဉ်ပေးသောကားဖြင့်မန္တလေးသို့နံနက် ( ၇ )နာရီရောက်
ကြသည်။

Ye Yint Thway.
Via.Kyaw Swar Myint
Credit. Lashio Media


No comments:

Powered by Blogger.