လော့စ်အိန်ဂျယ် လိစ့် လေဆိပ်တွင် လေယာဉ်နှင့်ထရပ်ကားတိုက်မိ
လော့စ်အိန်ဂျယ်လိ့စ်လေဆိပ်တွင် လေယာဉ်နှင့် ထရပ်ကားတိုက်မိ၊ လူ
၈ ဦး ဒဏ်ရာရ
Sunday, May 21, 2017
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိ့စ် အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်တစီးနဲ့ ထရပ်ကားတစီး တိုက်မိပြီး လူ ၈ ဦး ဒဏ်ရာ ရသွားပါတယ်။
မက္ကဆီကိုစီးတီးမြို့ကနေ ခရီးသည် ၁၅၀ တင်ဆောင်ပျံသန်းလာတဲ့ အဲမက်ဆီကို ၆၄၂ လေယာဉ်ကြီး မေလ ၂၀ ရက်နေ့က လေဆိပ်မှာ ဆိုက်ဆိုက်ခြင်း ထရပ်ကားကို တိုက်မိတာဖြစ်ပြီး ထရပ်ကားပေါ်က ဝန်ထမ်း ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
လေယာဉ်ပေါ်ကတော့ ဘယ်သူမှ ထိခိုက်မှု မရှိဘူးလို့ လေဆိပ်အာ ဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဒီမတော်တဆဖြစ်မှုကြောင့် ဘိုရင်း ၇၃၇ အမျိုးအစား လေယာဉ်ကြီးရဲ့ ညာဘက်အတောင်ပံ ပျက်စီးပြီး ထရပ်ကားလည်း ဘေးကို တိမ်းမှောက်သွားခဲ့ပါတယ်။
ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲလို့ လော့စ်အိန်ဂျယ်လိ့စ် မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ရန်ဟမ်းဖရီးက ပြောပါတယ်။
ထရပ်ကားပေါ်က ဒဏ်ရာ ရသူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို အနီးအနားဆေးရုံကို ပို့ဆောင်ကုသနေပြီး အသက်အန္တရာယ် ထိခိုက် လောက်အောင်တော့ မရှိကြောင်းနဲ့ လူနာအားလုံးရဲ့ အခြေအနေ ပုံမှန်ရှိတယ်လို့ လေဆိပ်အာဏာပိုင်တွေကလည်း ပြောပါတယ်။
လေယာဉ်တိုက်မှုအပြီး လေယာဉ်ပေါ်က ခရီးသည် တဦးကတော့ အနည်းငယ် နာကျင်မှုဝေဒနာ ခံစားရတယ်လို့ လေဆိပ်က ထုတ်ပြန်တဲ့ စာတဲ့မှာ ဖော်ပြထားပါတယ်။
လော့စ်အိန်ဂျယ်လိ့စ်လေဆိပ်က အမေရိကန်နိုင်ငံရဲ့ ဒုတိယအစည် ကားဆုံး လေဆိပ်ဖြစ်ပြီး နှစ်စဉ် လေယာဉ် အတက်အဆင်း ကြိမ်ရေ ၇ သိန်းနီးပါး ရှိတယ်လို့ မေရာရဲ့ မေလ ၂၁ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။
လေယာဉ်တိုက်မှုအပြီး လေယာဉ်ပေါ်က ခရီးသည် တဦးကတော့ အနည်းငယ် နာကျင်မှုဝေဒနာ ခံစားရတယ်လို့ လေဆိပ်က ထုတ်ပြန်တဲ့ စာတဲ့မှာ ဖော်ပြထားပါတယ်။ှိတယ်လို့ မေရာရဲ့ မေလ ၂၁ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။
DVB
Credit. Myanmar Online News
No comments: