သတိထားသင့်တဲ့ ရောဂါဘဲ မသိမသာနဲ့လူတွေကိုသတ်နိုင်တယ်
အနမ်းပိုးရောဂါ ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွား။
မေ (၂၃) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံသတင်းစာ။
အိပ်စက်နေသောလူတို့ ၏ နူတ်ခမ်းနှင့်မျက်နှာတို့ ကို ကိုက်ခဲပြီး အပေါက်ဖြစ်သွားသောအခါ မစင်စွန့် ခြင်းဖြင့် ခန္ဓာကိုယ်အနှံ့  Trypanasoma cruzi ကပ်ပါးပိုးကိုကူးစေကာ Chagas ရောဂါကိုဖြစ်စေသည့် အနမ်းပိုး (Kissing Bug ) ၏ အန္တရာယ်ကို လျစ်လျူရှုထားကြသည်က များနေသည့်အတွက် ရောဂါအခြေအနေမှာ ထင်မှတ်ထားသည်ထက် ပို၍ဆိုးရွားလာနေပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ၊ Universidade de Sao Paulo မှ သုတေသီများက ထုတ်ပြန်ကြေညာသည်။
Chagas ရောဂါပိုးကို အနမ်းပိုးလို့ လည်း ခေါ်ပါတယ်။ လူတွေရဲ့ နူတ်ခမ်း၊ပါးစပ်၊မျက်နှာတွေကို နမ်းနေတဲ့ အတိုင်း လိုက်ကိုက်ပါတယ်။ ပြီးရင်ဖြစ်လာတဲ့အပေါက်တွေထဲကို မစင်စွန့် ပါတယ်။ အဲဒီမစင်တွေထဲမှာ Trypanasoma cruzi ဆိုတဲ့ ကပ်ပါးပိုး ပါပါတယ်။ အဲဒီကပ်ပါးပိုးက သွေးကြောတွေထဲအထိရောက်သွားပြီး Chagas ရောဂါကို ဖြစ်စေပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Dr. Ligia Capuani က ရှင်းပြသည်။
Chagas ရောဂါကူးစက်ခံရလျင် ဖြစ်ပေါ်လာသည့်လက္ခဏာများမှာ ပြင်းထန်မှုမရှိခြင်း၊ အချို့ လူများတွင်လည်း မည်သည့်ရောဂါလက္ခဏာမျှမပြခြင်း အစရှိသည်တို့ ကြောင့် လူအများက အနမ်းပိုးကို လျစ်လျူရှုထားကြလေ့ ရှိကြောင်း၊ သို့ သော် အနမ်းပိုးကူးစက်ခံရပြီးနောက် ဝေဒနာခံစားရပြီး သေဆုံးသူဦးရေမှာ တဖြည်းဖြည်းများ လာနေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။
အနမ်းပိုးကူးစက်ခံရပြီး Chagas ရောဂါဖြစ်ပွားရင် သေဆုံးတာ များပါတယ်။ ချက်ခြင်းသေဆုံးစေတဲ့ အရေး ပေါ် အခြေအနေ မဟုတ်ပေမယ့် လူ့ ဘ၀သက်တမ်းကို တိုတောင်းစေမှာ အမှန်ပါပဲ။ ကိုယ့်ကို အနမ်းပိုး ကူး စက်ပြီလို့  သိလိုက်တာနဲ့ တပြိုင်နက် ဆေးကုသမှုခံယူဖို့  လိုအပ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။
တောင်အမေရိကားနှင့် ဗဟိုအမေရိကား ကဲ့သို့ ဒေသများတွင် ရောဂါရှာဖွေရေးဌာနများ အလုံအလောက် မရှိခြင်းက အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း၊ ထို့ ကြောင့်လည်း ၄င်းဒေသများတွင် ရောဂါမျိုးစုံဖြစ်ပွားမှု ပိုနေ ခြင်း ဖြစ်ကြောင်း၊ များသောအားဖြင့် သွေးလှူဒါန်းရန် သွေးစစ်ဆေးမှုခံယူမှသာ မိမိ၌ ရောဂါပိုးတစ်စုံတစ်ရာ ကူးစက်နေသည်ကို သိရှိကြခြင်းဖြစ်ကြောင်း သိရသည်။
Credit. Lashio news daily
No comments: