ဘန်ကောက်မြို့လည်ကဆောက်လက်စ အဆောက်အဦးပြိုကျဒဏ်ရာ ရရှိသူများတွင် မြန်မာနိုင်ငံသားများပါဝင်
ဘန်ကောက်မြို့ လည်က ဆောက်လက်စအဆောက်အဦးပြိုကျ ဒဏ်ရာရ
သူများတွင် မြန်မာနိုင်ငံသားမျာပါဝင်
၂၉-၅-၂၀၁၇
မေလ၂၈ရက်နေ့ ညနေလေးနာရီအခိျိန်က ထိုင်းနိုင်ငံဘန်ကောက်မြို့  လုံပဏီ
ဆွိုင်ဖက်ဘူရီ ၃၂ လမ်းမှာ ရှိတဲ့ ဆောက်လုပ်ဆဲ အထပ်အမြင့် အဆောက်
အဦးကြီးရဲ့  လေးထပ်မြောက်အဆင့်မှာ ကွန်ကရစ်ပုံလောင်းနေရင်းနဲ့  အလေးချိန်ဖိစီးဝန်အား မခံနိုင်ဖြစ်ပြီး သံတိုင်တွေလဲပြိုကျသွားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာဟာ ကားတွေရပ်နားဘို့  ဆောက်နေတဲ့ ၁၁ထပ်အဆောက်အဦးလို့  သိရပြီး ဖြစ်ပွားချိန်မှာ ထိုင်းနဲ့  မြန်မာနိုင်ငံသား
အလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတာကြောင့် ဒဏ်ရာရသွားတဲ့သူတွေ
မှာ မြန်မာနိုင်ငံသားသုံးဦး ပါဝင်ေ ကြာင်း အာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။
သံတိုင်တွေကြားမှာ ပိပြီး ဒဏ်ရာရသွား တွေကတော့ မောင်ကို (၄၂)နှစ် မောင်းချို (၃၂) နှစ်နဲ့  မောင်းဝင်း (၄၈) နှစ်တို့ ဖြစ်ပါတယ်။သုံးယောက်စလုံး
ရဲဆေးရုံကိုအရေးပေါ်ပို့ ဆောင်ကုသနေကြောင်း သိရပါတယ်။
SAW
No comments: