ဝါးမယ်စားမယ်
ဟိုတယ် / ခရီး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ...
ကျပ်သိန်း တစ်ရာ လာဘ် စား တယ် ဆိုတဲ့ ကိစ္စမှာ ...
အဖြစ် မှန် ကို ပြည်သူ တွေ သိချင် နေကြပါတယ် ဆိုတာ
စပ်စုကြတဲ့ သဘောမဟုတ်ပါဘူး
တတ္ထုချ စီစစ်ကြည့်ချင်တဲ့သဘောပါ ဟယ်
...........
လိမ် ညာ ကလီကမာ တိုင် တန်း တယ် ဆိုရင် ...
တိုင် သူ အတွက် ပြစ်ဒဏ် ထောင် ၅ နှစ်ကို
မြေမကြောက်ကင်းမကြောက် ရုံးတော်ရောက်ခဲ့တာပဲဟယ်...........
အမှန် အကန် မျိုဆို့လာဘ် စား ခဲ့တာ ဆိုရင် တော့ ...
အကြံဖန်နဲ့ရာထူးရလာတဲ့
အမြဲတမ်း အတွင်းဝန် ရဲ့ ပြစ်ဒဏ် က ...
ထောင် ၅ နှစ်ထက် ပိုမို ပြင်းထန် သင့်တာပေါ့ဟယ်။
အဂတိ လိုက် စား မှု များ ကို တိုက်ဖျက် ရေးဆိုတာ
ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းရှင်းသလိုပေါ့
အမှန် တရား တို့ကို ဖော်ထုတ်ပြီး
တိုင်သူပြည်သား တို့အတွက် အရေးပါလှတဲ့
လုပ်ငန်းကျင့်ဝတ်နဲ့ အဂတိကို ဘောင်ခတ်ခြင်းပေါ့ဟယ်။
...........
ဒါတွေက ...
ဦးသိန်းစိန် လူ နဲ့ ဦးသိန်းစိန် ခေတ်က ဇတ်ရှုပ်တွေလို့
ရိုးရိုးရှင်းရှင်း မြင်တယ်ပဲ ထားစေအုံး
ကမ္ဘာဦးကနေ ယနေ့ အုပ်ချုပ်ရေးခေတ်အထိ
အရင်ဆုံး ပစ်မှတ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ
ချိန်တွယ် ပစ်ခတ်ကြတဲ့ ကမ္ဘာယဉ်ကျေးမှုပေါ့ဟယ်။
ဒါပေမယ့် Nld က ရှင်းရတော့မယ် ။
သူခိုးတွေ ၊ လူယုတ်မာတွေကို ညှာမနေသင့်တော့ပါ ။
အမြဲတန်း အတွင်းဝန် ဆိုတာက ...
ဦးသိန်းစိန် သမ္မတ သက်တမ်း ကုန်ခါနီးမှာ ...
ဝန် ကြီး ဌာန အသီးသီးထဲကို ထိုးထဲ့သွားခဲ့တဲ့ ...
တပ် ထွက် တွေ ဖြစ် ပါတယ် ။
ဝန် ကြီး ဌာန အားလုံးရဲ့ အဓိက ကုန်ကျစရိတ်ဆိုတာ
... လစာနှင့် ခံစားခွင့်တွေမဟုတ်တော့ပဲ
စားမယ့် ၊ ဝါးမယ့် ပါးစပ် ပေါက်တွေ ပိုမိုများလာနေတာ
လှေလှော်ရင်းနစ်သလို အပေါက်များပြီး အဖာနည်းတဲ့
လှေတစင်းပေါ့ဟယ်။။။။။
ဂိုလ်ရှယ်လေး
No comments: