Yllix

ထိုင်းမှာမြန်မာလုပ်သားထောင်ကျော်ဖမ်းဆီး ခံထိ

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် ဖမ်းဆီးခံရ
****************

ဇွန်လ ၂ဝ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထိုင်းအစိုးရရဲ့ ဥပဒေသစ်အရ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား တထောင်လောက် ဖမ်းဆီးခံထားရတယ်။

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ဟာ ပြစ်ဒဏ်ကြီးလေးတဲ့အတွက် အထောက်အထား လုံးဝမရှိတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်ပြန်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့က ထုတ်ပြန်လိုက် ပါတယ်။

နိုင်ငံကူးလက်မှတ် ပန်းရောင်ကတ်နဲ့ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်လုပ်ခွင့် လက်မှတ် Work Permit ပြုလုပ်ထားကြဖို့၊ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်နဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာပါတဲ့ အလုပ်ရှင် မတူညီရင် သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံး တွေမှာ သွားရောက်ပြောင်းလဲ ထားဖို့လည်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဗီဇာ သက်တမ်းရှိပြီး အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသူတွေ အနေနဲ့လည်း အလုပ်လုပ်ခွင့်လက်မှတ်တွေ ပြုလုပ်ထားဖို့ သတိပေး ထားပါတယ်။

ဒီဥပဒေသစ်အရ တရားမဝင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား တွေ ဖမ်းဆီးမိရင် ဒဏ်ကြေးငွေအဖြစ် ထိုင်းဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် အလုပ်လက်မှတ်နဲ့ အလုပ်နေရာ ကွဲလွဲနေရင် ဘတ်ငွေ ၄ သိန်း ထက်မပိုတဲ့ ဒဏ်ကြေးငွေနဲ့ညီတဲ့ ပြစ်ဒဏ်သတ်မှတ်ထားပြီး၊ အနည်းဆုံး ထောင်ဒဏ် ၆ လနဲ့ အများဆုံး ဒဏ်ကြေးငွေ ဘတ် ၈ သိန်း သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

#Edkza@RFA


No comments:

Powered by Blogger.