Yllix

ရန်ကုန်မှာ အိမ်မဝယ်သင့်တော့ဘူးလားး။ အသေးစိတိသိရနိအောက်မှာဖတ်ပါ။

အရင်တုန်းကဆို လကမ္ဘာကိုသွားတယ်ဆိုတာက တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ ပရောဂျက်ကြီးပါ။ ဒါပေမဲ့ အခုဆိုရင် ပိုက်ဆံရှိတဲ့ဘယ်သူမဆို SpaceX နဲ့ လကမ္ဘာကို အလည်သွားလို့ရပါပြီ။ စကြဝဠာကြီးကို လူသားတွေစူးစမ်းမှုတွေပိုပိုပြီး လုပ်နိုင်လာတာကြောင့် တစ်ချိန်ချိန်ရောက်ရင် စကြဝဠာထဲမှာ နေထိုင်ဖို့တစ်နေရာရာကို ရှာဖွေတွေ့နိုင်တဲ့အလားအလာတွေ ရှိနေပါတယ်။ သီအိုရီ ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းကလည်း ဇွန်လ ၂၀ ရက်နေ့ကဘီဘီစီနဲ့တွေ့ဆုံတုန်းမှာ လူသားတွေအနေနဲ့ စကြဝဠာရဲ့တစ်နေရာရာမှာ နေထိုင်နိုင်ဖို့ကြိုးစားသင့်ပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဒီကမ္ဘာပေါ်ကနေပြေးထွက်ပြီး တခြားဂြိုဟ်တွေပေါ်သွားနေသင့်ပြီ။ နေစကြဝဠာထဲကို သွားလာစူးစမ်းရမယ့်အချိန်ရောက်ပြီ။ တခြားဂြိုဟ်မှာ ရှင်သန်နိုင်ခြင်းကသာ လူသားတွေကိုကယ်တင်နိုင်မယ့်တစ်ခုသောနည်းလမ်းပါ။ ကျွန်တော်ခန့်မှန်းရရင် သက်ရှိတွေအားလုံး ကမ္ဘာမြေကိုစွန့်ခွာသင့်ပါပြီ” လို့ BBC ကိုပြောဆိုခဲ့ပါတယ်။

သီအိုရီ ရူပဗေဒပညာရှင်ကြီးက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေက အရေးကြီးတဲ့အကြောင်းတစ်ရပ်ဖြစ်နေပြီး တခြားဂြိုဟ်တွေပေါ်ပြောင်းရွှေ့ခြင်းကသာ လူသားတွေအတွက်အကောင်းဆုံးပါလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ ၂၀၂၀ ခုနစ်လောက်မှာ အာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်ပို့ဆောင်ပေးသင့်ပြီး နှစ် ၃၀ အတွင်းလူတွေနေထိုင်နိုင်ဖို့ တည်ဆောက်ရေးတွေလုပ်သင့်တယ်လို့ဆိုပါတယ်။ လူသားတွေအနေနဲ့ ၂၀၂၅မှာ အင်္ဂါဂြိုဟ်ပေါ်သွားရောက်နေထိုင်သင့်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။

စတီဗင်ဟောကင်းက “ဒါဟာသက်ရှိတွေရဲ့အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ ပြိုင်ဆိုင်တိုက်ခိုက်နေကြတဲ့ နိုင်ငံကြီးတွေအနေနဲ့ သက်ရှိတွေရဲ့ရှင်သန်မှုကိုထည့်တွက်ပြီး တူညီတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြဖို့လိုနေပြီ” လို့ ပြောသွားခဲ့တာပါ။

ဥရောပအာကာသအဖွဲ့အစည်း (European Space Agency) ရဲ့အကြီးအကဲဖြစ်သူ Jan Woerner ကလည်း ၂၀၂၄ ရောက်ရင် နိုင်ငံတကာအာကာသအခြေစိုက်စခန်းကို လကမ္ဘာပေါ်မှာပြောင်းရွှေ့အခြေစိုက်နိုင်ဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ NASA အနေနဲ့တော့ လောလောဆယ်မှာ လကမ္ဘာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့မရှိပါဘူး။၂၀၃၀ခုနှစ်အမီ အင်္ဂါဂြိုဟ်ပေါ်ကို သူတို့ရဲ့အာကာသယဉ်မှူးတွေ ပို့နိုင်ဖို့အာရုံစိုက်နေရလို့ပါ။

NASA မပါဝင်ပေမယ့်လည်း အခြားနိုင်ငံတကာ အာကာသအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လကမ္ဘာအခြေစိုက်စခန်းကို တည်ဆောက်ဖို့ရှိနေပါတယ်။ ရှေးရိုးစွဲသမားတွေကတော့ ဒါတွေကို လက်ခံချင်မှလက်ခံနိုင်မှာပါ။ ဒါပေမယ့် နည်းပညာဆိုတာက ဟိုတုန်းကနေ
အခုချိန်အထိ အရာအားလုံးကို ပြောင်းလဲခဲ့ပါတယ်။

ကျွန်တော်တို့ဖုန်းလေးနဲ့ ဟိုပွတ်၊ ဒီပွတ်လုပ် နေတာက ကျွန်တော့်အဖိုးအတွက် အထူးအဆန်းကြီးတစ်ခုလိုဖြစ်နေသလိုပေါ့။ ကျွန်တော်တို့မြေး၊မြစ်တွေကျရင်လည်း “ဘိုးဘိုးကြီး လကမ္ဘာကို အလည်သွားမလို့” ဆိုတာတွေဖြစ်ရင်ဖြစ်လာနိုင်ပါတယ်။

ကဲ…ရန်ကုန်မှာ အိမ်ဝယ်မနေနဲ့တော။့ လကမ္ဘာပေါ်မှာ အိမ်ဆောက်ဖို့ပဲစုထားလိုက်ပါတော့ကွာ။

#cd

#သက်ရှိတွေကမ္ဘာကြီးကို အမြန်စွန့်ခွာချိန်တန်ပြီလို့ စတီဗင်ဟောကင်းပြောကြား

No comments:

Powered by Blogger.