Yllix

မနက်စောစောအတွက်သတင်းအစီအစဉ်

နံနက်ခင်း လဖက်ရည်သောက်ရင်း
သတင်းများ ဖတ်ကြ ကြည့်ကြစို့ဗျာ
မြောက်ကိုရီးယား ဒုံပျံအင်ဂျင် စမ်းသပ်
(ဝါရှင်တန်နဲ့ ဆိုးလ်) - မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးပျံအင်ဂျင် စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အမေရိကန်အရာရှိတွေက ကြာသပတေးနေ့မှာ ထုတ်ဖေါ်ပြောဆိုပါတယ်။
စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ နေ့ရက် အတိအကျကို မသိရပါဖူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလို့ပဲ ဆိုပါတယ်။ ဒီအတောအတွင်း တောင်ကိုရီးယားသမတ မွန်းဂျေးအင်းက မိမိတို့နိုင်ငံရဲ့ ကာကွယ်ရေးအင်အားကို ခိုင်မာအောင်ပြုလုပ်ပြီးမှ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မနေ့ကပြောပါတယ်။
ဒီအတွင်းမှာပဲ ဘေဂျင်းကလာတဲ့ သတင်းတပုဒ်အရ တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျီးချီနဲ့ သမတ ထရမ့်တို့ အိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယား ပြသနာအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာဖြစ်ပြီး အိမ်ဖြူတော်က ကြေညာခြင်း မရှိပါဖူး။
ခရက်ဒစ်  ခင်မောင်စိုး( RFA)

ဗွီဒီယို တွဲဖက်တင်ပြ  ဂိုလ်ရှယ်လေး

No comments:

Powered by Blogger.