အမြင်အမျိုးမျိုးဘာသာရေး
ဘာသာရေးကျောင်းများပိတ်ပြစ်မှု.ကြောင့်ဘာသာရေးတင်းမာမှု.များကို မျိုသိပ် ထိန်ချုပ်ထားနေရ။
------------------------
Friday times ဂျာနယ် 24,6,17
ယခုတပတ် ဆရာမင်းစိုး(စက်မှု.တက္ကသိုလ်) ဘာသာပြန်တင်ပြတဲ့ Reuters သတင်းဌာနမှ
In Myanmar, religious tensions simmer madrasses shuttered. ဆိုတဲ့ ဆောင်းပါး ကို ဘာသာပြန် ဆို ဖော်ပြထားပါတယ်။
ကောက်စာကိုဖော်ပြရရင်.......
် ""ပြီးခဲ့သည့် သုံးပတ်ကထည်းကစတင်နေခဲ့သော ရမ်မဒန် ဥပုဒ်လ သို့ ရောက်လာသောအခါ ရာပေါင်းများစွာသော ဒေသခံ များမှာ မုတ်သုံမိုးကို အန်တုပြီး အနီးအနား ရှိ လမ်းများပေါ် တွင် စုပေါင်းဝတ်ပြုရန် ရဲရင့်စွာစီစဉ် လုပ်ဆောင်ခဲ့သည်။""
ဒေသအာဏာပိုင်များက ၀တ်ပြုမှု ကို ပိတ်ပင်ဟန့်တားခဲ့ကြပြီး ထိုသို့ တက်ရောက်ဝတ်ပြုကြခြင်းမှာ ထောင်ချခံရနိုင်သည်ဟု ခြိမ်းခြောက် ခဲ့ကြသည်။
"ကောင်းကင်ကြီးပြိုကျလာသလိုမျိုး ကျွန်တော် တော်တော် လေးဝမ်းနည်း ကြေကွဲ မိတယ်"ဟု
ဦးချစ်တင်မှ ပြောပြခဲ့သည်။
ဆောင်းပါးဖော်ပြချက်အရ......
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီး HRW မှ "ဖီလ်းရော်ဘစ်ဆန်"က ......
"ဖိအားပေး ပိတ်ပြစ်ခဲ့ကြတဲ့ ဗလီ တွေနဲ့ ဘာသာရေး ကျောင်းတွေ ချက်ခြင်းပြန်ဖွင့်ပေးသင့်တယ်၊ ပြီးတော့ သူတို့ယုံကြည်ရာ ဘာသာတရားကို ပြုမူကျင့်ကြံဘို့ အခြေခံ အခွင့်အရေး အတွက် ဘာသာရေး အရ ယုံကြည် သူတွေကို ခြိမ်းခြောက် တာတွေ ရာဇ၀တ်မှု့အဖြစ် တရားစွဲ ဆို တာတွေမပြုလုပ်သင့်ပါဘူး" ဟု ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ အာဏာပိုင်များက မှတ်ချက် ပေးရန်ငြင်းဆန်ခဲ့ကြပြီး မြန်မာ အစိုးရ၏ ပြောခွင့်ရသူထံမှလည်း မှတ်ချက်ပေးမှု့ မရခဲ့ပေ ၊
ရိုက်တာမှ ဆက်သွယ်ခဲ့သော အစိုးရ တာဝန်ရှိသူ နှစ်ဦးမှလည်း မှတ်ချက်ပြု ဖြေကြားရန် ငြင်းဆန် ခဲ့ကြသည်။
tinlayzaw 24,6,17
Moungphu@gmail.com
ReplyDeleteMoungphu@gmail.com
ReplyDelete