Yllix

အမြင်အမျိုးမျိုးဘာသာရေး

ဘာသာ​ရေး​ကျောင်းများပိတ်​ပြစ်​မှု.​ကြောင့်​ဘာသာ​ရေးတင်းမာမှု.များကို မျိုသိပ်​ ထိန်​ချုပ်​ထား​နေရ။
------------------------
Friday times ဂျာနယ်​ 24,6,17

ယခုတပတ်​ ဆရာမင်းစိုး(စက်​မှု.တက္ကသိုလ်​) ဘာသာပြန်​တင်​ပြတဲ့ Reuters သတင်းဌာနမှ
In Myanmar, religious tensions simmer madrasses shuttered. ဆိုတဲ့ ​ဆောင်းပါး ကို ဘာသာပြန်​ ဆို ​ဖော်​ပြထားပါတယ်​။

ကောက်​စာကို​ဖော်​ပြရရင်​.......
်​ ""ပြီးခဲ့သည့်​ သုံးပတ်​ကထည်းကစတင်​​နေ​ခဲ့သော ရမ်​မဒန်​ ဥပုဒ်​လ သို့ ​ရောက်​လာ​သောအခါ ရာ​ပေါင်းများစွာ​သော ​ဒေသခံ များမှာ မုတ်​သုံမိုးကို အန်​တုပြီး အနီးအနား ရှိ လမ်းများ​ပေါ် တွင်​ စု​ပေါင်းဝတ်​ပြုရန်​ ရဲရင့်​စွာစီစဉ်​ လုပ်​​ဆောင်​ခဲ့သည်​။""

ဒေသအာဏာပိုင်​များက ၀တ်​ပြုမှု ကို ပိတ်​ပင်​ဟန့်​တားခဲ့ကြပြီး ထိုသို့ တက်​​ရောက်​၀တ်​ပြုကြခြင်းမှာ ​ထောင်​ချခံရနိုင်​သည်​ဟု ခြိမ်း​ခြောက်​ ခဲ့ကြသည်​။
"​ကောင်းကင်​ကြီးပြိုကျလာသလိုမျိုး ကျွန်​​တော်​ ​တော်​​တော်​ ​လေးဝမ်းနည်း ​ကြေကွဲ မိတယ်​"ဟု
ဦးချစ်​တင်​မှ ​ပြောပြခဲ့သည်​။

ဆောင်းပါး​ဖော်​ပြချက်​အရ......
လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​အဖွဲ့ကြီး HRW မှ "ဖီလ်း​ရော်​ဘစ်​ဆန်​"​က ......

"ဖိအား​ပေး ပိတ်​ပြစ်​ခဲ့ကြတဲ့ ဗလီ ​တွေနဲ့ ဘာသာ​ရေး ​ကျောင်း​တွေ ချက်​ခြင်းပြန်​ဖွင့်​​ပေးသင့်​တယ်​၊ ပြီး​တော့ သူတို့ယုံကြည်​ရာ ဘာသာတရားကို ပြုမူကျင့်​ကြံဘို့ အ​ခြေခံ အခွင့်​အ​ရေး အတွက်​ ဘာသာ​ရေး အရ ယုံကြည်​ သူ​တွေကို ခြိမ်း​ခြောက်​ တာ​တွေ ရာဇ၀တ်​မှု့အဖြစ်​ တရားစွဲ ဆို တာ​တွေမပြုလုပ်​သင့်​ပါဘူး" ဟု ​ပြောကြားခဲ့သည်​။

ဒေသဆိုင်​ရာ အာဏာပိုင်​များက မှတ်​ချက်​ ​ပေးရန်​ငြင်းဆန်​ခဲ့ကြပြီး မြန်​မာ အစိုးရ၏ ​ပြောခွင့်​ရသူထံမှလည်း မှတ်​ချက်​​ပေးမှု့ မရခဲ့​ပေ ၊
ရိုက်​တာမှ ဆက်​သွယ်​ခဲ့​သော အစိုးရ တာဝန်​ရှိသူ နှစ်​ဦးမှလည်း မှတ်​ချက်​ပြု ​ဖြေကြားရန်​ ငြင်းဆန်​ ခဲ့ကြသည်​။

tinlayzaw 24,6,17

2 comments:

Powered by Blogger.