အသက်တစ်ရာပြည့် ဘိန်းရာဇာ ကြီးထောင်ကထွက်လာပါပြီး
ကိုလမ်ဘို ဒုစရိုက်မိသားစုရဲ့ နာမည်ကျော်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ John “Sonny” Franzese ဟာ အသက် ၁၀၀ ရောက်မှ မန်ဆာချူးဆက်ပြည်နယ်ထောင်ဆေးရုံကနေ လွတ်မြောက်ခဲ့ရပါတယ်။ အမေရိကန် ရဲ့ ဖက်ဒရယ်အကျဉ်းထောင်ထဲမှာ ဘဝအချိန်တော်တော်များများကို ကုန်ဆုံးခဲ့သူလည်းဖြစ်ပြီး အခုဆိုရင် ဖက်ဒရယ်အကျဉ်းထောင်တွေကနေလွတ်လာတဲ့ အကျဉ်းသားတွေထဲမှာလည်း အသက်အကြီးဆုံးအဖြစ် မှတ် တမ်းဝင်သွားပါပြီ။ကိုလမ်ဘို ဒုစရိုက်မိသားစုဆိုတာက အမေရိကန်မာဖီးယားမိသားစုကြီး ငါးခုထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပထမဆုံးခေါင်းဆောင်ကတော့ Joseph Colombo ဖြစ်ပါတယ်။ Colombo ရဲ့ရာထူးသတ်မှတ်ချက်အရဆိုရင် Franzese ဟာ အဆင့်ဟာ “Underboss” ဆိုတဲ့ အဆင့်ဖြစ်ပါတယ်။ မြန်မာလိုလွယ်လွယ်ပြောမယ်ဆိုရင် ဒုတိယအကြီးဆုံး ခေါင်းဆောင်လို့ ပြောနိုင်ပါတယ်။ သူ့ရဲ့လူငယ်ဘဝကို ထောင်ထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ကုန်ဆုံးခဲ့သူပါ။ အမေရိကန်အကျဉ်း ထောင်မှတ်တမ်းတွေအရ သူဟာ ပြစ်ဒဏ်ကျခံနေချိန်အတွင်း ခံဝန်ကတိနဲ့ ထောင်ထဲကနေ ၆ ခါလောက်ပြန် ထွက်လာဖူးပါတယ်။၁၉၆၇ ခုနှစ် မတ်လမှာ Franzese ကို ဘဏ်ဓါးပြမှုအမြောက်အများမှာ ပါဝင်ပက်သက်ခဲ့ပြီး တရားခွင်မှာ သူ့ကို လူအယောက် ၃၀ ကနေ ၅၀ ကြားသတ်ဖြတ်ခဲ့တယ်ဆိုပြီး သက်သေတွေနဲ့တကွ တရားစွဲဆိုခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ သူ့ကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ ခံဝန်ကတိနဲ့ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ၁၉၈၂ ခုနှစ်မှာ ခံဝန်ကတိကို ဖောက်ဖျက်ခဲ့လို့ ထောင်ထဲပြန်ဝင်ခဲ့ရပါတယ်။ ဒါပေမယ် ၁၉၈၄ ခုနှစ်မှာတော့ ခံဝန်ကတိနဲ့ပြန်လည်လွတ်မြောက်ခဲ့ပြီး ခဏခဏထောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေတာ ကြောင့် ၂၀၀၈ ခုနှစ်အထိ ဘယ်ရာဇဝတ်မှုကိုမှ ပါဝင်ပက်သက်ခဲ့ခြင်း မရှိတော့ပါဘူး။ သူဟာ ၂၀၁၀ ခုနှစ်၊ အသက် ၉၃ နှစ်အရွယ်ရောက်မှ နယူးယော့က အဖော်အချွတ်ကလပ်တွေဆီက ဆက်ကြေးတောင်းခံပြီး ရာဇဝတ်မှုတွေကျူးလွန်ရာမှာ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထပ်ပြီးတော့ထောင်ကျခဲ့တာ ဖြစ်ပါတယ်။Franzese ရဲ့သားရှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Michael က မက်ဆာချူးဆက်ပြည်နယ်၊ ဖို့ဒီဗန် မှာရှိတဲ့ ကျန်းမာရေးစင်တာကနေ သူ့အဖေလွတ်မြောက်လာတဲ့သတင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ “ဒါကတကယ် မှန်ပါတယ်။ အသက် ၁၀၀ အရွယ်မှာ ကျွန်တော့်အဖေ လွတ်လပ်တဲ့လူသားတစ် ယောက်ဖြစ်သွားပါပြီ။ ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ Michel က သူရဲ့ Twitter ကနေတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။Photo: ANTHONY CAMERANO/APRef:www.telegraph.co.uk
No comments: