မိန်းကလေးဆိုတာ
မြန်မာ မိန်းကလေးအလှ
~~~~~~~~~~~~~~~
မြန်မာ မိန်းကလေး ဆိုတာ
ကဗျာ ဆန်အောင် လှပနေဖို့ 
လိုမယ်မထင်ပါဘူး
မြန်မာ မိန်းကလေး ဆိုတာ
မြန်မာ ဆန်ဆန် အဝတ်အစားလေးနဲ့
စိတ်ထားလေး လှနေမယ်ဆိုရင်
ပို ကျက်သရေရှိသလို
ပိုပြီးလှပ ဂုဏ်တင့်တယ်စေမှာ
ဧကန် မလွဲ အမှန်ပဲလို့  ထင်ပါတယ် . . . ။
ပကာသနဂုဏ်ရှိန်ဝါနဲ့
ကဗျာဆန်အောင် လှပနေပေမယ့်
မြန်မာဆန်ဆန်လေး ဝတ်စားထားတဲ့
မိန်းကလေး တစ်ယောက်နဲ့
ယှဉ်ပြိုင်မယ်ဆိုရင်တောင်
မြန်မာဆန်ဆန်လေး ဝတ်စားတတ်တဲ့
မိန်းကလေးကသာ အနိုင်ရမှာ
အမှန်ပါပဲ မဟုတ်ပါလား . . . ။
မိန်းကလေးတိုင်း လှချင်သူချည်းပါပဲ
လှချင်ရင်တော့ မြန်မာ ဆန်ဆန်လေး
ဝတ်စားကြစေချင်တာ
ဒီစာ ကဗျာရေးသူ ဆန္ဒအမှန်ပါ ခင်ဗျာ
လိုက်နာ ဝတ်ဆင်မယ်ဆိုရင်
ကျက်သရေရှိသလို မြန်မာ့ဂုဏ်ကို
မြှင့်တင်ရာလည်း ရောက်ပါတယ်
လိုက်နာ ဝတ်ဆင်တဲ့ သူတိုင်းကိုလည်း
ကဗျာရေးသူ ကျေးဇူးတင်မိမှာပါ
လိုက်နာကြစေချင်ပါသည် ခင်ဗျာ
ကျွန်တော် ဆန်း မင်း ထွန်း
ဇော်လှိုင်းထက် {တကောင်းသား}
၂၃ . ဖေဖော်ဝါရီလ . ၂၀၁၇
No comments: