ယတြာအခြေကောင်းလို့ အဓမ္မပြုကျင့်ခံရ
ယတြာအခြေကောင်းလို့ အဓမ္မပြုကျင့်ခံရ
------ ------- -------
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စက်မှုဇုန်နယ်မြေရှိ သံတော်မြတ်ဘိလပ်မြေစက်ရုံတွင် ဇွန် ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က မုဒိမ်းမှုဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က ကျောက်ဆည်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ် သံတော်မြတ်ဘိလပ်မြေစက်ရုံဝင်းနေ မ---- ၁၆ နှစ် ၅ လသည် လွန်ခဲ့သော ၂၀၁၇ မတ်လက ကျောက်ဆည်မြို့မရဲစခန်းတွင် အမှုဖွင့်ပြီး တရားရုံးတွင် ရင်ဆိုင်ဆဲအမှုအခင်းကိစ္စနှင့် ပတ်သက်၍ ယတြာချေရန် လိုအပ်သည်ဟု ပြောပြပြီး ဆင်မင်းဘိလပ်မြေစက်ရုံဈေးတန်းနေ ဆရာဆိုသူ ဦးလုံးအား နေအိမ်သို့ ခေါ်ဆောင်လာကြောင်း၊ ယတြာချေရန် မ--- နှင့်အတူ ဆရာလုံးတို့ နှစ်ဦးတည်း ထွက်သွားခဲ့ပြီးနောက် သံတော်မြတ်တောင်ခြေအရောက် ၀ါးရုံပင်အောင်တွင် ယခင်တုန်းက မုဒိမ်းကျင့်ခံရ သလို ပြုလုပ်ရမည်ဟု ဆရာဦးလုံးမှ ပြောကြောင်း၊ မ----မှ မလုပ်နိုင်ကြောင်းပြောသဖြင့် ဒီရောက်လာမှတော့ လုပ်ကို လုပ်ရမည် ထွက်ပြေးလျှင်သတ်ပစ်မည်ဟု ပြောကာ အလိုမတူဘဲ နာရီဝက်ခန့် သားမယားအဖြစ် ပြု ကျင့်ခဲ့ကြောင်း၊ ယင်းကိစ္စကို မ---- က မိဘများအား အသိပေးပြီး ဆရာဦးလုံးအား အရေးယူပေးနိုင်ရန် ကျောက်ဆည်မြို့မရဲစခန်းသို့ ည ၈ နာရီခန့်က တိုင်တန်းသဖြင့် ကျောက်ဆည်မြို့မရဲစခန်း (ပ) ၅၁၇/၂၀၁၇၊ အမှုကြီးအမှတ် ၈/၂၀၁၇ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်းနှင့် ဒုရဲမှူးသိန်းဝင်းမှ ဦးလုံးအားဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြခေါင် (ကျောက်ဆည်)
Aung Moe Myintd
#Edkza@TMN
No comments: