သာရဘွင်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ ကမ်းနားလှေဆိပ်ကမ်းပါး၌ ကျည်ပေါက်တက်၍ အမျိုးသားတစ်ဦး သေဆုံး
သာရဘွင်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ ကမ်းနားလှေဆိပ်ကမ်းပါး၌ ကျည်ပေါက်တက်၍ အမျိုးသားတစ်ဦး သေဆုံး
=-=-=-=-=-=-=-=-=-=-=-=-=-=
28.6.2017
မြိတ်ခရိုင်၊တနင်္သာရီမြို့နယ် ၊သာရဘွင်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ ကမ်းနားလှေဆိပ်တွင် ဇွန်လ ၂၈ ရက်နေ့၊နံက်ပိုင်းတွင် တူမီးယမ်းထောင်သနတ်ပေါက်ထွက်တာကြောင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း
သိရသည်။
မြိတ်မြိုနယ်၊တုံးဗျောကြီးကရင်စုကျေးရွာနေ စောလေဒါး(ခ)စောဝင်းရှိန် ၅၃ နှစ်သည်
ဇွန်လ ၂၇ ရက်နေ့က ၎င်းရွာမှ ဆိုင်ကယ်ဖြင့် ပတ္တမြားကျေးရွာသို့ရောက်လာပြီး ညအိပ်၍
ဇွန်လ ၂၈ နံက်ပိုင်းတွင် နော်ထယ်ကျေးရွာ၌ ချိန်းဆောစက် သွားယူရန်အတွက် စက်လှေရှိရာသို့ အဆင်း မြစ်ကမ်းပါးတွင် ခြေချော်လဲကျရာ လွယ်အိတ်တွင်းထည့်ထားသည့် အရှည် ၉.၅ လက္မ ခန့်ရှိ ယမ်းထောင်းပြီးယမ်းကတ်ထည့်ထားသည့် တူမီးယမ်းထောင်းသေနတ်မှ ကျည်ပေါက်ထွက်ကာ ဝဲဘက်ရင်အုံအားထိမှန်၍ သေဆုံးကြောင်း
သိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တကူရဲကင်းစခန်းမှ ရဲအုပ်ကျော်ဝင်းမှ တရားလိုပြုတိုင်တန်းသဖြင့် တနင်္သာရီမြို့မရဲစခန်းမှ (ပ) ၂၀၆/၂၀၁၇
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်ရေးယူထားကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)
No comments: