အခွင့်ထူးခံလူတန်းစား
တရားခံများ ရုံးထုတ်မှုထူးခြား ခံစားခွင့်များအခြားအချုပ်သားများထက်ပိုရနေ
ဇွန်လ ၂၃ ရက် ၂၀၁၇ ခုနှစ် သောကြာနေ့ နံနက် ၁၁ နာရီတွင်
အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာသော တရားခံတို့ပုံစံများ ထူးခြား၍
ကျနော်တို့ သက်ဆိုင်ရာကနေ့ တဆင့် ဖုန်းနံပါတ်ရလို့မေးကြည့်ပါတယ်
အကျဉ်းဦးစီးဌာန ဗူးဝ စာရေးဖြစ်သူ ကိုတင် ( ဟုသိရသူ)မှ ပြန်ဖြေတာကတော့
ဦးကြည်လင်းတို့အမှု့က ထောင်ချထားပြီးသားမဟုတ်တဲ့အတွက် ကျဉ်းထောင်မှာပဲ
ခဏ တည်းခိုတဲ့ သဘောပါ.. ပြည်ထဲရေးနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ် လို့ဆိုပါတယ်။
သို့ဖြစ်၍ အင်စိန်းမြို့နယ် အမှုကိုင် ရဲအရာရှိဖြစ်သူ ရဲအုပ် မင်းမင်းအေးကို မေးပါတယ်
သူပြန်ဖြေတာက ရာသီဥတုက ပူတယ်လေ အမှုကလည်းကြီးတော့ ထောင်ကား အချုပ်ကားတွေနဲ့ရုံးထုတ်ရင် သူတို့ တခုခုဖြစ်သွားရင် ပြသနာပိုရှိတယ်လို့တော်ကျနော်ထင်ပါတယ်
ဒါကြောင့် နောက်ပွင့်ကားနဲ့ပဲ ထုတ်လာတယ်လို့ ထင်မြင်ယူဆရတယ်ပေါ့ဗျာ.. အမှုက အထက်က တိုက်ရိုက်ကိုင်တဲ့ အမှုလည်းဖြစ်တယ်။။။
အထက်က ဒီလိုလုပ် ဆို လုပ်ရတယ်လေ…ဟု ဆိုလေသည်။
လေဆိပ် လုပ်ကြံမှုအတွက် တရားဥပဒေအရ ဖမ်းဆီးခြင်းခံထားရသော ကြည်လင်း..အောင်ဝင်းဇော်..ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား လုံခြုံသော အချုပ်သားများ ပို့ဆောင်လေ့ရှိသည့် အလုံး သံဇကာ ကားဖြင့် ရုံးထုတ်လာခြင်းမရှိပဲ အနောက်ပွင့် ကားကလေးဖြင့် ရုံးထုတ်လာသည်မှာ ပြည်ထဲရေး၏ ညွန်ကြားချက်သာဖြစ်ကြောင်းဖြစ်ပြီး ပြည်ထဲရေးမှ တရာခံပြေးအဖြစ် ၀ရမ်းထုတ်ထားခြင်းခံရသူ အောင်ဝင်းခိုင်( ဒုဗိုလ်မှူးကြီး ..ငြိမ်း) အား ယနေ့အထိ ပရဆေးဥယာဉ်တွင်ပျောက်ဆုံးသွားခဲ့ပြီး ရှာမတွေ့ကြောင်း ရှာတွေ့ရန်လည်းမရှိကြောင်း ထုတ်ပြန်ထားပြီး နိုင်ငံတကာ ရာဇ၀တ်မှုများပူးပေါင်းနှိမ်နင်းရေးအဖွဲ့ ဖြစ်သော အင်တာပိုမှလည်း အောင်ဝင်းခိုင်အား ဖမ်းဆီးရန် တရားဝင်ထုတ်ပြန်ထားလေသည်။
ဓါတ်ပုံ ဆဲဗင်းဒေး
သတင်း …ဂိုလ်ရှယ်လေး
No comments: