“ပင်နယ်တီ အဆုံးအဖြတ်တွေကို ဘယ်တုန်းက စခဲ့လဲ”
“ပင်နယ်တီ အဆုံးအဖြတ်တွေကို ဘယ်တုန်းက စခဲ့လဲ”
နိုင်ငံတကာ ဘောလုံးပြိုင်ပွဲကြီးတွေမှာ ပင်နယ်တီ အဆုံးအဖြတ် ကန်ယူဖို့ စတင်ခဲ့တာက ၁၉၇၆ယူရိုပြိုင်ပွဲနဲ့ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ မှာပါ။ ပွဲအချိန်အတွင်း အနိုင်အရှုံး အဆုံးအဖြတ် မပေါ်ဘဲရှိတဲ့ပွဲတွေကို အရင်က ပြန်ကန်ပွဲတွေ ကစားပြီး ဆုံးဖြတ်လေ့ရှိသလို၊ ဒီမတိုင်မီတုန်းက အနိုင်အရှုံးရလဒ်ကို ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံတကာပြိုင်ပွဲကြီး တွေမှာ အခုလိုပုံစံမျိုးတွေနဲ့ ဆုံးဖြတ်တာတွေထက် ပိုပြီး စိတ်ဝင်စားမှုရှိလာနိုင်မယ့် ပင်နယ်တီ ကန်သွင်းအဆုံးအဖြတ်ခံယူမှုကို ဥရောပ ချန်ပီယံဘောလုံးပြိုင်ပွဲဖြစ်တဲ့ ယူရို ၁၉၇၆မှာ စတင်ခဲ့ပါ တယ်။ အဲ့ဒီပြိုင်ပွဲမှာ ပထမဆုံး ပင်နယ်တီ ကန်သွင်းအဆုံးအဖြတ်ခဲ့ရတဲ့ပွဲက ဖိုင်နယ်မှာဖြစ်ပါ တယ်။ ချက်ကိုစဆိုဗားကီးယားအသင်းနဲ့ အနောက်ဂျာမနီတို့ရဲ့ ဖိုင်နယ်ပွဲက တစ်ဖက်နဲ့ တစ်ဖက် အချိန်ပို မိနစ် ၃၀အပြီးအထိ ၂ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ချက်ကိုစလိုဗက်ကီးယားက ၅-၃ဂိုးနဲ့နိုင်ခဲ့ပါတယ်။၂နှစ်အကြာမှာ ကျင်းပတဲ့ ၁၉၇၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပင်နယ်တီအဆုံး အဖြတ်ကန်သွင်းမှုကို ထည့်သွင်းခဲ့ပေမယ့် ၁၉၈၂ပြိုင်ပွဲရောက်မှ ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ ပွဲရှိလာခဲ့ပါတယ်။ စပိန်မှာ ကျင်းပတဲ့ အဲ့ဒီ ကမ္ဘာ့ဖလားပွဲရဲ့ ဆီမီး ဖိုင်နယ်အဆင့် အနောက်ဂျာမနီနဲ့ ပြင်သစ်တို့မှာ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပွဲချိန်အတွင်း ၁ဂိုးစီ၊ အချိန်ပိုမှာ ၃ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနောက်ဂျာမနီ ၅-၄ဂိုးနဲ့ နိုင်ခဲ့ ပါတယ်။ ဥရောပ ပြိုင်ပွဲသမိုင်းတစ်လျောက်မှာတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အသင်းက ချက်ကိုစလိုဗက်ကီးယားအသင်းဖြစ်ပြီး ၁၉၇၆၊ ၈၀၊ ၉၆ပြိုင်ပွဲ ၃ကြိမ်စလုံးမှာ နိုင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂျာမနီအသင်း( အနောက်ဂျာမနီ) အသင်းက အကောင်းဆုံး ရလဒ်ရယူထားတဲ့အသင်းပါ။ ၁၉၈၂၊ ၈၆၊ ၉၀၊ ၂၀၀၆ ပြိုင်ပွဲတွေရဲ့ ပင်နယ်တီ အဆုံးအဖြတ်တွေ မှာ အနိုင်ရခဲ့တာပါ။ လက်ရှိ ဘောလုံး အင်အားကြီးနိုင်ငံတွေထဲ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမှာ အကောင်းဆုံးအသင်းက ဂျာမနီ အသင်းဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပင်နယ်တီ အဆုံးအဖြတ် ၇ကြိမ်ကန်ခဲ့ရပြီး ၆ကြိမ်အထိအနိုင်ရထားတဲ့အသင်းပါ။ အင်္ဂလန်အသင်းကတော့ အသင်းကြီးတွေထဲ အဆိုးရွားဆုံး မှတ်တမ်းကိုပိုင်ဆိုင်ထားတဲ့အသင်းပါ။ ၁၉၉၀ အီတလီ ကမ္ဘာ့ဖလားပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ အနောက်ဂျာမနီကို ရှုံးခဲ့တဲ့ ပွဲအပါအ၀င် ပင်နယ်တီအဆုံးဖြတ်ပွဲပေါင်း ၈ကြိမ်မှာ ( ကမ္ဘာ့ဖလား၊ ယူရို) ၇ပွဲအထိရှုံးခဲ့ပြီး ယူရို ၉၆ စပိန်နဲ့ ကွာတားဖိုင်နယ်မှာ တစ်ကြိမ်သာနိုင်ခဲ့ ဖူးပါတယ်။ အင်္ဂလန်ဟာ လက်ရွေးစင်အဆင့်မှာသာမက ယူ-၂၁နဲ့ အမျိုးသမီပြိုင်ပွဲအဆင့်တွေမှာ ပါ ဆိုးရွားတဲ့ ရလဒ်ကိုပိုင်ဆိုင်ထားပြီး ( လက်ရွေးစင်၊ ယူ-၂၁၊ အမျိုးသမီးလက်ရွေးစင်) ပင်နယ်တီ အဆုံးအဖြတ် ၁၄ကြိမ်မှာ ၂ကြိမ်သာ နိုင်ခဲ့ဖူးပါတယ်။ မနေ့ ကွန်ဖက်ဒရေးရှင်းကပ် ပြိုင်ပွဲမှာ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးခဲ့တဲ့ ပေါ်တူဂီအတွက်တော့ သူတို့သမိုင်းတစ် လျောက် ပြိုင်ပွဲကြီးတွေထဲ ပထမဆုံးအကြိမ်ရှုံးခဲ့ဖူးတာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ယူရို ၂၀၀၄၊ ၂၀၁၆၊ ကမ္ဘာ့ဖလား ၂၀၀၆တွေမှာ အင်္ဂလန်ကို ၂ကြိမ်နဲ့ ပိုလန်ကို တစ်ကြိမ်နိုင်ခဲ့ပြီး ယူရို ၂၀၁၂ မှာ စပိန်ကို ရှုံးခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီရဲ့ ပင်နယ်တီ ၃လုံးစလုံးကို ကာကွယ်နိုင်ခဲ့တဲ့ ဘရာဗိုနဲ့ ချီလီအသင်းကတော့ ၂၀၁၅၊ ၂၀၁၆ ကိုပါဖိုင်နယ်ပွဲမှာ အာဂျင်တီးနားကို ၂ကြိမ်ဆက် ပင်နယ်တီ မှာ နိုင်ပြီး ချန်ပီယံဆုရထားတဲ့အသင်းဖြစ်ပြီး နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ၃ကြိမ်စလုံးကို အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။ ဘောလုံးချစ်ပရိသတ်တွေကလည်း ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ကြဖူးတဲ့ ပွဲတွေ ကြည့်ရဖူးမှာပါ။ အဲ့ဒီပွဲတွေထဲ လက်ရွေးစင် အဆင့်ပြိုင်ပွဲတွေမှာ အကြိုက်တွေ့ခဲ့ဖူးတဲ့ ပင်နယ်တီကန်သွင်းမှုတွေ၊ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းနိုင်တဲ့ အသင်းတွေကို ကွန့်မန့်ဘောက်မှာ ရေးသားပေးစေလိုပါတယ်။ ဘောလုံးချစ် ပရိသတ်တွေထဲ စိတ်အလှုပ်ရှားဆုံးနဲ့ အမှတ်တရာအဖြစ်ဆုံးရှိခဲ့တဲ့ ပင်နယ်တီ အဆုံးအဖြတ်ပွဲ တွေက…………..။
“ကမ္ဘာ့ဖလားရဲ့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှု အကောင်းဆုံးအသင်း”
၁) ဂျာမနီ (၄ကြိမ်) - ၁၉၈၂၊ ၈၆၊ ၉၀၊ ၂၀၀၆ နိုင်။
၂) အာဂျင်တီးနား ( ၅ကြိမ်) - ၁၉၉၀၊ ၉၀၊ ၉၈၊ ၂၀၁၄ နိုင် ၊ ၂၀၀၆ ရှုံး။
၃) ဘရာဇီးလ် ( ၄ကြိမ်) - ၁၉၉၄၊ ၉၈၊ ၂၀၁၄ နိုင်၊ ၁၉၈၆ ရှုံး။
၎) ပြင်သစ် ( ၄ကြိမ်) - ၁၉၈၆၊ ၉၈ နိုင်၊ ၁၉၈၂၊ ၂၀၀၆ ရှုံး။
၉) အီတလီ (၄ကြိမ်) - ၂၀၀၆ နိုင်၊ ၁၉၉၀၊ ၉၄၊ ၉၈ ရှုံး။
၁၂) အင်္ဂလန် ( ၃ကြိမ်) - ၁၉၉၀၊ ၉၈၊ ၂၀၀၆ ရှုံး။
“ယူရိုပြိုင်ပွဲရဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှု အကောင်းဆုံးအသင်း”
၁) ချက်ကိုစလိုဗက်ကီးယား ( ၃ကြိမ်) - ၁၉၇၆၊ ၈၀၊ ၉၆ နိုင်။
၂) စပိန် ( ၄ကြိမ်) - ၁၉၈၄၊ ၂၀၀၈၊ ၁၂ နိုင်။ ၁၉၉၆ ရှုံး။
၃) ဂျာမနီ ( ၃ကြိမ်) - ၁၉၉၆၊ ၂၀၁၆ နိုင်၊ ၁၉၇၆ ရှုံး။
၎) ပေါ်တူဂီ ( ၃ကြိမ်) - ၂၀၀၄၊ ၁၆ နိုင်၊ ၂၀၁၂ ရှုံး။
၉) အီတလီ ( ၅ကြိမ်) - ၂၀၀၀၊ ၂၀၁၂ နိုင်၊ ၁၉၈၀၊ ၂၀၀၈၊ ၁၆ ရှုံး။
၁၀) အင်္ဂလန် ( ၄ကြိမ်) - ၁၉၉၆ နိုင်၊ ၁၉၉၆၊ ၂၀၀၄၊ ၁၂ ရှုံး။
၁၁) နယ်သာလန် ( ၄ကြိမ်) - ၂၀၀၄ နိုင်၊ ၁၉၉၂၊ ၉၆၊ ၂၀၀၀ ရှုံး။
#ဘီဘီစီမြန်မာပိုင်း
No comments: