Yllix

ကျောင်းစာသင်ခန်းအတွင်း ဓါးထိုးမူဖြစ်။

ကျောင်းစာသင်​ခန်းအတွင်း၌ ခုနစ်​တန်း​ကျောင်းသားအချင်းချင်းဓားထိုးမှုဖြစ်​ပွား
-----------
ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့တွင်​ ​ကျောင်းစာသင်​ခန်းအတွင်းခုနစ်​တန်း​ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။
ုဖြစ်​စဉ်​မှာ ဇွန်​ ၂၇ ရက်​ ည​နေ ၃ နာရီ​ကျော်​ခန့်​က ဗန်း​မော်​မြို့၊​ညောင်​ပင်​ရပ်​ကွက်​၊ အ​ခြေခံပညာအထက်​တန်း​ကျောင်းခွဲ၊ အလက(၃)ရှိ သတ္တမတန်း(B)စာသင်​ခန်းအတွင်း၌ ​မောင်​​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၏ ဦး​ခေါင်းကို ဆွတ်​ဂျာ​​အောင်​(၁၂)နှစ်​ကလက်​ဖြင့်​ပုတ်​လိုက်​ရာ ​မောင်​​ဝေဖြိုး​အောင်​က လွယ်​အိတ်​ထဲပါလာ
သည့်​ အရိုးအသွား(၈)လက်​မခန့်​ရှိ ​မောင်းချဓားဖြင့်​ ထိုးလိုက်​ရာဆွတ်​ဂျာ​အောင်​၏ ဝဲဘက်​ရင်​အုံ​အောက်​ ထိုးသွင်းဒဏ်​ရာတစ်​ချက်​(စိုးရိမ်​ရ)ရရှိခဲ့ပြီး ဗန်း​မော်​ပြည်​သူ့​ဆေးရုံကြီးသို့ အ​ရေး​ပေါ်တင်​ပို့ခဲ့ရသည်​။
"​သွေး​ လေးပုလင်းသွင်းရတယ်​၊ ခုခွဲစိတ်​ခန်းက ထွက်​လာပါပြီ၊ပြစ်​မှုကျူးလွန်​တဲ့က​လေးကို ဗန်း​မော်​မြို့မရဲစခန်း ဒုရဲအုပ်​​ကျော်​​ကျော်​စိုးရဲ့ ထိန်းသိမ်းမှု​အောက်​မှာထားပြီး မနက်​ဖြန်​(ဇွန်​ ၂၈ ရက်​)မှာ တရားရုံးမှာ ထိန်းသိမ်းခွင့်​​တောင်းခံပါမယ်​"ဟု ဗန်း​မော်​မြို့မရဲစခန်းမှူးဒုရဲမှူးသိန်း​ဝေမြင့်​က ဒီမိုက​ရေစီတူ​ဒေးသတင်းစာသို့​ပြောသည်​။
 
ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၊ကချင်​စု-​ညောင်​ပင်​ရပ်​၊ဗန်း​မော်​မြို့​နေသူအား ဗန်း​မော်​မြို့မရဲစခန်းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆ ဖြင့်​ အမှုဖွင့်​ထား​ကြောင်း သိရသည်​။

ဗန်းမော်ပွင့်သစ်
ကျော်သက်ထွေး

No comments:

Powered by Blogger.