Yllix

မြန်​မာအလုပ်​သမားကို သတ်​ဖြတ်​ခဲ့သူ ထိုင်းဆရာဝန်​ကို လွဲ​ပြောင်း​ပေး

မြန်မာအလုပ်သမားကို သတ်ဖြတ်ခဲ့သူ ထိုင်းဆရာဝန်ကို လွှဲပြောင်းပေး

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက်ကို သတ်မှုနဲ့သေဒဏ်အမိန့်ချခံထားရပြီး ထွက်ပြေးနေလို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းဆရာဝန် ဆူဖက် လောင်ဟာဝပ်ထနကို မော်လမြိုင်ထောင်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့က အာဏာပိုင်တွေကို ဒီနေ့မနက်က ပြန်ပြီးလွှဲပြောင်းပေးလိုက်ပါတယ်။

သူ့ကို မြန်မာရဲတပ်ဖွဲ့က ဖမ်းမိပြီးတဲ့နောက်၊ မြန်မာမှတ်ပုံတင်အတုကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မော်လမြိုင်ထောင်မှာ ချုပ်ထားခဲ့တာပါ။

အဲဒီထိုင်းဆရာဝန်ကို ပက်ချနာဘူရီခရိုင်မှာရှိတဲ့ သူ့ရဲ့ သစ်သီးခြံက မြန်မာအလုပ်သမားတစ်ယောက်ကို သတ်ဖြတ်မှု၊ လူကုန်ကူးမှုတွေနဲ့ သူ့ကိုရော အမှုမှာပတ်သက်နေတဲ့ သူ့သားအကြီးကိုပါ တရားရုံးက သေဒဏ်အမိန့်ချခဲ့သလို၊ သူ့သားအငယ်ကိုလဲထောင်ဒဏ် ၂၅ နှစ်ချခဲ့ပါတယ်။ ဒီအပြစ်အတွက် အဲဒီထိုင်းဆရာဝန်က ထွက်ပြေးသွားလို့ ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။
Credit RFA Burmese
      26.5.2017


No comments:

Powered by Blogger.