Yllix

ကိုအောင်လ အနိုင် အရှုံးနဲ့ ပက်သက်ပြီး ပွဲစီစဉ်သူတွေပြောစကား။

အောင်လ အနိုင်အရှုံးနဲ့ ပတ်သက်လို့ ပွဲစီစဉ်​သူ
တစ်​ဦးဖြစ်​တဲ့ ကို​ဇေရဲ့စကား
~~~~~~~~~~~~~~~~~~
သရုပ်​​ဆောင်​အကယ်​ဒမီနန္ဒာလှိုင်​ရဲ့ခင်​ပွန်းဖြစ်​´
သူကို​ဇေဟာMMAအတိုက်​အပုတ်​ပြိုင်​ပွဲကြီး One Championship ကို မြန်​မာပရိသတ်​များ
နဲ့မိတ်​ဆကိဖို့ကြိုးစားခဲ့သူတစ်​ဦးဖြစ်​သလို မြန်
မာပရိသတ်​အချစ်​​တော်​ ​အောင်​လကို မြနိမာ
နိုင်​ငံမှာ မြန်​မာပရိသတ်​​ရှေ့​မှောက်​ထိုးသတ်
ကစားခွင့်​ရဖို့ကြိုးစားအားထုတ်​ခဲ့သူတစ်​ဦး
လည်းဖြစ်​ပါတယ်​။သူက ​အောင်​လရဲ့ ချန်
ပီယံဆုရ​စေတဲ့ပွဲမတိုင်​မီ ကစိုးရိမ်​ပူပန်​မှုနဲ့
ပြင်​ဆင်​​ဆောင်​ရွက်​ခဲ့မှု​တွေအ​ကြောင်းကို
အောင်​လရဲ့အနိုင်​အရှုံးနဲ့ ပတ်​သက်​လို့ဆို
တဲ့ စာကို​ရေးသားပြီးပရိသတ်​ကိုအသိ​ပေး
ရှင်းလင်းထားပါတယ်​။စာမှာ​အောက်​​ဖော်
ပြပါအတိုင်းဖြစ်​ပါတယ်​။

'အောင်လနဲ့ Bigdash တို့ပထမအကြိမ် မဆုံခင်ထဲက ကျွန်တော်ကရော အောင်လပါ မြန်မာပရိသတ်အရှေ့မှာ ချန်ပီယံလုပွဲ ကျင်းပဖို့ တိုက်တွန်းညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ One championship အဖွဲ့မှ လက်မခံခဲ့ပါဘူး။ အကြောင်းရင်းက အိမ်ရှင် ပရိသတ်အရှေ့မှာ ရှုံးခဲ့ရင် ဆူမှာစိုးလို့ မဖြစ်နိုင်ကြောင်းပြောပါတယ်။ ဒီလိုနဲ့ အခါအခွင့်ကြုံလာတော့ မထင်မှတ်ပဲ အောင်လ ထိုးခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အစားထိုးဝင်ရောက်ထိုးခဲ့ရတဲ့အတွက် နားလည်မှု တစ်ချို့ကိုအရယူခဲ့ရပါတယ်။ အဲ့ဒါကတော့ KO မဟုတ်ပဲ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါက မြန်မာပရိသတ်အရှေ့မှာ ထပ်မံ တွေ့ဆုံခွင့်ပေးပါဆိုတဲ့ သဘောတူညီမှုပါ။ကျွန်တော်တို့ဘက်က မြန်မာပရိသတ်ကိုယ်စား အာမခံမှုတွေပေးခဲ့ရပါတယ်။ ဖြစ်ခဲ့ရင် ရှင်းရမဲ့ပြသနာတွေကို ကြိုတွက်ခဲ့ရပါတယ်။One Championship အနေနဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံက တိုက်ရိုက်ကြည့်တဲ့ပွဲမို့လို့ ဒိုင်နဲ့ပေါင်းလို့ မဖြစ်နိုင်ပါဘူး။ အောင်လ အကျိုးထက် One ရဲ့ အကျိုးကို များစွာထိခိုက်လို့ပါ။ တကမ္ဘာလုံးက MMA သမားတွေ စောင့်ကြည့်နေတဲ့ပွဲလည်းဖြစ်ပါတယ်။ နောက်တစ်ခုပြောရမယ်ဆိုရင် အောင်လက မြန်မာနိုင်ငံသားပါ။ One championship ရုံးစိုက်ရာ စင်္ကာပူနိုင်ငံသားလည်းမဟုတ်ပါ။ ဒါကြောင့် အောင်လအတွက် အောင်လ ဘက်က ရပ်တည်ပေးဖို့ ဒိုင်တွေကို ဖိအားပေးရန် လုံးဝဆန္ဒမရှိပါ။
နောက်တစ်ချက် ပွဲနေ့မှာ လုံခြုံရေးကို ၁၉၀ ထည့်ထားပါတယ်။ ရဲလုံခြုံရေးမပါပါ။ လုံခြုံရေး တင်းတင်းကြပ်ကြပ် လုပ်ခဲ့ပါတယ်။ ခုံအောက်များတွင် ကြိုတင်ဝှက်ထားနိုင်မဲ့ ဒုတ်ဒါးများရှိမရှိကအစ စီစစ် ခဲ့ကြပါတယ်။
နောက်တစ်ချက် ပွဲရက်မတိုင်ခင် မူလစီစဉ်ထားတာက အောင်လပွဲ မစခင်တွင် လုံခြုံရေး အယောက် ၁၀၀ ကို ပရိသတ်ရှေ့ ပြောင်းလဲချထားပြီး အနီးကပ်စောင့်ကြည့်ရန်အထိ စီစဉ်ထားပါတယ်။ ဒီအချက်က ပရိသတ်ကို ပွဲပိုဆူစေမှာ စိုးလို့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အောင်လပွဲ ၃ချီမြောက်တွင် ကျွန်တော်တို့ တာဝန်ရှိသူများ သံဇကာစဉ်နား အလုပ်ရှုပ်နေတာကို သတိထားမိနိုင်ပါတယ်။ အဲ့ဒါက ရှုံးနိမ့်မဲ့အနေအထားမျိုး တချက်ဖြစ်သွားတဲ့အတွက် လုံခြုံရေးတွေ အားလုံးကို  ပရိသတ်ဘက်မျက်နှာမူပြီး အသင့်စောင့်နေရန် လိုက်မှာကြားနေရပြီဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်ပူနေမှုဟာ ၃ချီပြီး ၄ ချီ နောက်၅ ချီအထိ လျှော့ကျမသွားပဲ တိုးလို့သာ နေပါတယ်။ နောက်ဆုံး ဒိုင်တွေ ဆုံးဖြတ်ချက်မထွက်ခင် စက္ကန့်ပိုင်းလေးအထိ ရင်ခုန်နေပါတယ်။ အောင်လအတွက် ရင်ခုန်မှုနဲ့ ပရိသတ်ရဲ့ ပေါက်ကွဲမှုအရှိန်ကို စိုးရိမ်မှု ၂ ခုလုံးရောပြွန်းနေပါတယ်။ One championship မှ တာဝန်ရှိသူများ စဉ်ပေါ်မတက်ခင်လေးမှ သိလိုက်ရတဲ့အဖြေက အားလုံးဝမ်းသာစရာဖြစ်သွားပါတော့တယ်။ အတိုချုပ်ပြောရရင် USD 1Billion အထက် တန်ဖိုးရှိတဲ့ လုပ်ငန်း၏ အကျိုးကို ထိခိုက်စေမဲ့ ရလာဒ် အပြောင်းအလဲကို လုပ်မှာ မဟုတ်ဖူးဆိုတာပါပဲ။ ။
ကို​ဇေ '။
#ဒါကိုလီ

No comments:

Powered by Blogger.