Yllix

အောင်လဘာကြောင့်အနိုင်ရလည်းအပြည့်အစုံ

အောင်လ  ဘာကြောင့်နိုင်သွားပါသလဲ..........

စည်းမျဉ်း – ဒိုင် (3)ဦးရှိ။ Ring area အတွင်း မတူသည့် ထောင့်များမှ စောင့်ကြည့်အမှတ်ပေး။

အခြေအနေ-
(ဒီအပိုင်းမှာ ရှင်းပါတယ်။ ဒိုင်တွေ အမှတ်ပေးတဲ့ နေရာကိုပြတယ်)
———————————–
စည်းမျဉ်း – (၁၀) မှတ် စနစ်ဖြစ်။ (၅)ချီအပြီး နိုင်သည့်သူ (၁၀)မှတ်၊ ရှုံးသည့် သူ (၉)မှတ်။ သရေဟု သတ်မှတ်လျှင် (၁၀-၁၀) မှတ်။

အခြေအနေ-
(ဒါကလည်း အမှတ်ကြေညာတဲ့ အချိန်မှာ သုံးတဲ့ overall points ပါ။ ဘာမှ ပြောစရာမရှိပါဘူး)
————————————
စည်းမျဉ်း – mixed martial arts techinques အစုံအလင် သုံးနိုင်မှု ကို ဦးစားပေးအမှတ်ပေး။ ထိရောက်သည့် ထိုးချက်ကန်ချက်၊ ထိရောက်သည့် ချုပ်ကိုင်မှု၊ ကြိုးဝိုင်းဧရိယာကို လွှမ်းမိုးနိုင်မှု၊ ထိရောက်သည့် တိုက်စစ် သို့ ခံစစ် ပုံစံကို ပြနိုင်မှု။

အခြေအနေ-
(ရုရှားက အချုပ်တစ်မျိုးတည်းကို အားပြုကစားသွားတယ်။ ဒါက ဦးစားပေး အမှတ်ကိုမရ။ ထိရောက်သည့် ထိုးချက်ကန်ချက်မရှိလို့ အမှတ်သိပ်မရ။ ထိရောက်သည့် ချုပ်ကိုင်မှု အပိုင်းမှာ အားနည်း။ ထိရောက်သည့် ချုပ်ကွက်ဆိုတာ မလေးမှာ ထိုးတုန်းက ပုံစံ။ ချုပ်ဖို့ ကြိုးစားတိုင်း မကြာခဏ Failed ဖြစ်တာတွေက အောင်လကိုအမှတ်ရစေခဲ့။ ကြိုးဝိုင်းဧရိယာလွှမ်းမိုးနိုင်မှုမှာ အောင်လ အသာစီးရ။ အောင်လက ထိရောက်သည့် ခံစစ်ပုံစံကို ပြသနိုင်ခြင်းကြောင့် အသာရ)
————————————-
စည်းမျဉ်း – ထိရောက်သည့် တိုက်စစ်ဆိုသည့် စကားရပ်အတွက် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခြင်းကို ဆိုလို။

အခြေအနေ-
(မတော်ချီ ဟု ခေါ်သည့် လက်သီး၊ ကန်ချက်တို့မှ သာမန်ကွဲခြင်းပြဲခြင်းသည် အရေးမပါ။ contestant overwhelmingly dominates by striking or grappling ကိုသာ ဆိုလို။ ရုရှား မလုပ်ပြနိုင်ခဲ့။ အောင်လ အနည်းငယ်ကွဲခဲ့ခြင်းက အရေးမပါ)
————————————
စည်းမျဉ်း – ခိုင်မာသည့် ခံစစ်ဆိုသည့် စကားရပ်အတွက် ပြိုင်ဘက်က တိုက်စစ်ဆင်နေသည့် အချိန်၊ ချုပ်ကိုင်မိချိန်တွင် တန်ပြန်တိုက်စစ်ပြန်လည် ပြုလုပ်နိုင်ခြင်း (တိုက်စစ်ဆင်သူ၏ အမှတ်ကို တန်ပြန်တိုက်စစ်သမားက ပြန်ရ)

အခြေအနေ-
(အောင်လ အဓိက အမှတ်ရစေသည့် အချက်။ ပထမအချီမှာ တိုက်စစ်နဲ့ အမှတ်အပြတ်အသတ် အသာစီးယူပြခဲ့သလို၊ နောက်ပိုင်းအချီတွေမှာ ခံစစ်ပုံစံကိုပြခဲ့။ Avoiding grappling များပြနိုင်၊ တန်ပြန်တိုက်စစ်ပြနိုင်)
————————————
စည်းမျဉ်း – ပွဲချီ တစ်ခုအတွင်းမှာ လက်ရည်တူ ၁၀-၁၀၊ လက်ရည်မကွာ ၁၀-၉၊ တိုက်စစ်သို့၊ ချုပ်ကွက်ဖြင့် လွှမ်းမိုးနိုင်ခြင်း ၁၀-၈၊ အပြန်အသတ်ကွာ ၁၀-၇။ အချီအားလုံးအပြီး အမှတ်များသူက ၁၀-၉ ဖြင့် နိုင်။

အခြေအနေ-
(တစ်ချီမှာ သိသိသာသာ အသာရခြင်းက ဥပမာ ၁၀-၇ တစ်ပွဲနိုင်ထားလျှင်၊ ကျန် လေးချီ နှစ်ချီ အမှတ်တူ၊ ကျန် (၂)ချီမှာ မတိမ်းမယိမ်း နိမ့်လျှင်ပင် (၅၈)မှတ်ရ။ ပြိုင်ဘက်မှာ နှစ်ချီသာ၊ နှစ်ချီသရေ၊ တစ်ချီ နိမ့်အနေအထားဖြစ်နေလျှင်ပင် (၅၇)မှတ်သာရ။ နောက်ဆုံး အမှတ်ဆုံးဖြတ်ရာတွင် (၁၀-၉) ဖြင့် ပြန်ပေါင်း ဆုံးဖြတ်)
————————————-

***ထို့ကြောင့် အောင်လ နိုင်ခြင်းဖြစ်သည်။

Credit – Ha Lin Khit

=============

No comments:

Powered by Blogger.