Yllix

ခရီးသည်ကို ရိုင်းပြလို ybs ဝန်ထမ်းတစ်ဦးထုတ်ခံရ

ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံသည့် YBS 21 ယာဉ်လုပ်သားနှစ်ဦး ရာသက်ပန် ထုတ်ပယ်ခံရ တယ်လို့သိရတယ်
ကိုယ့်အနေနဲ့ကတော့ ဒီလိုသတင်းမျိုးက ပြည်သူအတွက်စိတ်ကျေနပ်စရာသတင်းလို့ပဲယူဆတယ်
သူများထမင်းအိုးကွဲတာကို ဝမ်းသာခြင်းမဟုတ်ပါ
ဒီလို လုပ်ပြလိုက်ခြင်းကြောင့် နောင်မှာ အခြားယဉ်လုပ်သားတွေကသူတို့ကို စံနမူနာယူပြီး ဆင်ခြင်ကြလာမယ်ဆိုရင် ကောင်းမွန်တဲ့ လူ့အသိုင်းအဝန်းတစ်ခု ဖြည်းဖြည်းချင်ဖြစ်တည်လာမှာပါ။
လူမှုအသိုင်းအဝန်းမှာ ရိုင်းပျသူတွေအတွက်နေရာမရှိကြောင်းကိုတော့ ကျွန်တော့တို့ message ပေးသင့်တယ်လို့ယူဆတယ်။

ခန့်ဇော်

...............................

ကုမ္ပဏီနှစ်ခုဖြင့် စုပေါင်း ပြေးဆွဲသည့် YBS 21 ယာဉ်လိုင်းမှ ခေတ်သစ် ဘုရင့်နောင် ကုမ္ပဏီလက်အောက်ရှိ ယာဉ်လုပ်သားနှစ်ဦးက ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံခြင်းကြောင့် ၎င်းတို့ကို ရာသက်ပန် ထုတ်ပယ်သည့် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

သတင်း
The Voice

No comments:

Powered by Blogger.