Yllix

Facebook ကြောင့် အသက်ဆုံးခဲ့ရသူများ

Social Media ဆိုတာကြီးခေတ်စားလာခဲ့ပြီးနောက်ပိုင်း အကောင်း အဆိုးတွေ အများကြီးကြုံတွေ့ရပါတယ်။ လူမှုရေးဖောက်ပြန်မှု ၊ လိမ်လည်မှုလိုမျိုး ဆိုးတဲ့အချက်တွေအများကြီးရှိတဲ့အထဲကမှ Social Media ကြောင့်အသက်ဆုံးရူံးတဲ့အထိဖြစ်ရတာတွေဟာ မြန်မာမှာရော ကမ္ဘာမှာပါရှိခဲ့တာပါ။
ဒီလိုဆို့နင့်ဖွယ်အဖြစ်အပျက်တွေထဲကမှ ဆိုးရွားလွန်းတဲ့ဇာတ်လမ်းတွေအကြောင်းကို ရှာဖွေတင်ဆက်ရရင်…

 

Status ကြောင့်အသတ်ခံရသူ

Adam ဟာ သူ့ရဲ့ဇနီးဟောင်း Lisa ကို သူ့ကိုအရှက်ရစေတဲ့စတေးတပ်စ် တစ်ကြောင်းအတွက်နဲ့ သတ်ပစ်ခဲ့တာပါ။ ကလေးကိုထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အကြောင်းကို Lisa ကရေးခဲ့တာကြောင့် တစ်ညနေခင်းမှာ ဇနီးဟောင်းကိုတူနဲ့ထု  လည်ပင်းကိုဓားနဲ့လှီးပြီး သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

Profile လှလှလေးတွေနဲ့အရူးလုပ်ခဲ့သူ

နယူးဇီလန်သူ နာတာလီယာလို့ခေါ်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကောင်မလေးပုံလှလှလေးတင်ထားတဲ့ အကောင့်တုများစွာနဲ့ ပတ်မွှေနေခဲ့ပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်ကောင်လေး အယောက် ၄၀ ကျော်လောက်နဲ့ အွန်လိုင်းပေါ်မှာချစ်သူဖြစ်အောင်ကြိုးစားခဲ့တာပါ။ ပြီးရင်တော့ ကောင်မလေးတွေဟာ အက်ဆီးဒင့်ကြောင့် သေဆုံးတာမျိုး သတ်သေသွားတာမျိုးဖြစ်အောင် ဖန်တီးလိုက်ပါတယ်။ ယုတ္တိရှိအောင် ဈာပနအတုတွေတောင်ဖန်တီးလိုက်ပါသေးတယ်။ ချစ်သူကောင်လေးတွေကတော့ စိတ်ထိခိုက်မှုများစွာနဲ့ ကျန်ခဲ့ရပါတယ်။ တစ်ရက်မှာတော့ သူမအသုံးပြုတဲ့ဓာတ်ပုံတစ်ပုံရဲ့ ပိုင်ရှင်အစစ်ကသူမပုံတွေယူသုံးထားတာတွေ့သွားပြီး ကွင်းဆက်လိုက်ရာကနေ သူမရဲ့ရူးနှမ်းတဲ့လုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလို လူတွေကိုအရူးလုပ်မှုနဲ့ပတ်သက်ပြီး နာတာလီယာဟာ ထောင် ၂ နှစ်နဲ့ ၂ လကျခဲ့ပါတယ်။

Poke လုပ်မိလို့သတ်ခံလိုက်ရသူ

Scott Humphrey လို့ခေါ်တဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူငယ်ချင်းဖြစ်သူက သူ့ကောင်မလေးအကောင့်ကို Poke လုပ်လို့ဆိုပြီး သူငယ်ချင်းဖြစ်သူကိုသတ်ပစ်လိုက်ပါတယ်။ သူ့သူငယ်ချင်းက Humphrey ရဲ့ရည်းစားလို့မသိဘဲ Poke လုပ်မိတာဖြစ်ကြောင်းရှင်းပြပေမယ့် Humphrey ရဲ့ လက်သီးချက်ပြင်းပြင်းတွေအောက်မှာကတ္တရာလမ်းပေါ် ခေါင်းနဲ့ကျပြီး သွေးထွက်လွန်သေဆုံးသွားခဲ့ပါတယ်။ ဒီ့အတွက်နဲ့ Humphrey ဟာလည်းထောင်ထဲရောက်ခဲ့ပါတယ်။

Single လို့ပြောင်းမိလို့ အသတ်ခံရသူ

Sarah နဲ့ Edward ဟာ အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် တစ်နေရာစီခွဲနေကြသူတွေဖြစ်ပါတယ်။ Sarah ဟာသူမမိဘတွေနဲ့အတူ ပြန်နေချိန်မှာ အမှားတစ်ခုလုပ်မိလိုက်ပါတယ်။ အဲဒါကတော့ သူမရဲ့ဖေ့စ်ဘွတ်မှာ Married ကနေ Single လို့ပြောင်းလိုက်မိလို့ပါပဲ။ ဒီလိုပြောင်းလိုက်တာကို Edward သိသွားပြီး  Sarah မိဘအိမ်ကိုခိုးဝင်ကာ Sarah ကိုဓားနဲ့ထိုးသတ်လိုက်ပါတယ်။ တကယ်ကို ရူးနှမ်းတဲ့ လုပ်ရပ်ပါပဲ။

သီချင်းစာသားကြောင့် လူသတ်မှုပေါ်စေခဲ့သူ

McCroskey လို့ခေါ်တဲ့ အသက် ၂၀ အရွယ်ကောင်လေးဟာ သူ့ရဲ့ Rap သီချင်းတွေကို Myspace ပေါ်တင်လေ့ရှိပါတယ်။ သူတင်ခဲ့တဲ့တချို့သော Rap စာသားတွေကြောင့် သူဟာ လူ ၄ ယောက်ကိုသတ်တဲ့တရားခံဆိုတာ သိသွားခဲ့ကြပါတယ်။ သူရေးတင်ခဲ့တဲ့ သီချင်းစာသားတွေက
Blood, death murder, and rape
I like to mutilate and take em back to my place
Kill and slash, yeah, I’m coming for your ass
I’m a cannibal, use your body as food
Yeah you’re gonna die and your body will decay
As I leave you dying in this dark alleyway
ဆိုတာမျိုးတွေဖြစ်ပြီး သူဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ Emma Neiderbrock ၊ သူမရဲ့သူငယ်ချင်းနဲ့ မိဘနှစ်ပါးကို သတ်ပစ်ခဲ့တာဖြစ်ပါတယ်။
ဒါတွေကတော့  Social Media ကြောင့် ဘဝတစ်ခုလုံးဆုံးရှုံးခဲ့ရသူတွေထဲက တချို့ဖြစ်ပါတယ်။ နောက်ထပ် အများကြီးရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အပိုင်း ၂ ဆက်ရေးပေးပါ့မယ်နော်။
ဂျူဂျူး(အခရာ)



No comments:

Powered by Blogger.