Yllix

မောင်းနှင်​လာ​သော​မော်​​တော်​အား ရပ်​တန့်​စစ်​​ဆေးရာမှ မူးယစ်​​ဆေးဝါးသယ်​​ဆောင်​လာသူ ၂ ဦး ဖမ်းမိ

မောင်းနှင်လာသောမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ(၂) ဦး ဖမ်းမိ
****************************************

မင်း ထက်မုန်း (ပုသိမ်)
ဇွန်လ ၁ ရက် ၂၀၁၇ ခုနှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ ဘုရားလမ်း၊ သကျမဟာသီရိဘုရားကြီးရှေ့၌ ၃၁. ၅. ၂၀၁၇ ရက်နေ့ ညပိုင်းတွင် မြောင်းမြခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် ယာဉ်မောင်း နွေဦဟန် မောင်းနှင်ပြီး ထွန်းကျော်(ခ) ဘကျော်နှင့် ကျော်ဌေးအောင် (ခ) ဖိုးကျော်တို့ လိုက်ပါလာသော ယာဉ်အမှတ် 3E/----  Probox ခဲရောင်မော်တော်ယာဉ်အားရပ်တန့် စစ်ဆေးစဉ်  ထွန်းကျော်(ခ) ဘကျော် ၀တ်ဆင်ထားသည့် ပုဆိုးခါးကြားမှ WY စာတမ်းပါ စိတ်ကြွှရူးသွပ်ဆေးပြား (၅၃၁)ပြားအားတွေ့ရှိရ၍ ထွန်းကျော် (ခ) ဘကျော်နှင့် ကျော်ဌေးအောင် (ခ) ဖိုးကျော်တို့အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ (၂) ဦးသည် ရန်ကုန်းတိုင်ဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်သူ နေထိုင်သူများဖြစ်ပြီး ၂၉. ၅. ၂၀၁၇ ရက်နေ့က မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းမိခဲ့သော တရားခံ မင်းမင်းလတ်ထံမှသိမ်းဆည်း ရမိသော ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဝါးခယ်မမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ထွန်းကျော် (ခ) ဘကျော်နှင့် ကျော်ဌေးအောင် (ခ) ဖိုးကျော်တို့အား ၀ါးခယ်မမြို့မရဲစခန်းမယ(ပ)၂/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Ayeyarwaddy Times

ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့
Credit


No comments:

Powered by Blogger.