Yllix

ပျက်​ကျ​လေယာဉ်​၏အစိတ်​အပိုင်းများ စတင်​​တွေ့ရှိ

တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး

ကျ​နော်​တင်တဲ့ သတင်း​ကောင်း အတည်​ပြု သတင်း​လေး
ထွက်​ပါပြီ** ဖတ်​လို့ရပါပြီ ခင်​ဗျာ**

*****************************************
ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ စတင်တွေ့ရှိ

နေပြည်တော်၊ ဇွန် ၁၅

ယနေ့ညနေ ၅ နာရီ ၁၈ မိနစ်တွင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ(မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ရာငြိနေကြောင်း သတင်းပေးပို့ခဲ့သည်။

အဆိုပါသတင်းပို့ချက်အရ ၄င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ် ၂ စီးတို့မှ ရေအောက်ရှာဖွေရေးကိရိယာ ဆိုနာဖြင့် ထပ်မံအတည်ပြုပြီး ရေငုပ်စစ်သည်များက ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မီတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအားရှာဖွေတွေ့ရှိခဲ့သည်။

ယင်းအစိတ်အပိုင်းမှာ ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းဖြစ်ကြောင်း သိရှိရပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit. KS


No comments:

Powered by Blogger.