မြဝတိက ရှောင်ပြေးကားတစ်စီ တိုက်မကြေ
မြ၀တီမြို့တွင် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဖော်ကျူးနား အဖြူရောင်တစ်စီးမှာ အစစ်ဆေးမခံပဲ ပူးပေါင်းအဖွဲ့အား လက်နက်ငယ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ ===============================================================
မြ၀တီ ဇွန် ၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့
ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဖော်ကျူးနားအဖြူရောင်တစ်စီးအား ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာ အစစ်ဆေးမခံဘဲ ပူးပေါင်းအဖွဲ့အား လက်နက်ငယ်ဖြင့် ပစ်ခတ်ကာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွား သဖြင့် ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ယာဉ်၏ ရှေ့ဘီးအား ပစ်ဖောက်၍ လိုက်လံပိတ်ဆို့
ရှာဖွေစစ်ဆေးရာမှ မောင်းနှင်ထွက်ပြေးသွားသူမှ ယာဉ်အား ကားလမ်းဘေးထားပစ်ခဲ့ကာ ထွက်ပြေးလွှတ်မြောက်သွား ခဲ့သဖြင့် စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိသည်။
ဖြစ်စဉ်မှာ ၁၀-၆-၂၀၁၇ ရက်နေ့ ၁၃း၀၀ အချိန်ခန့်တွင် မူးယစ်ဆေးဝါး(မက်သာအက်ဖီမတင်းခေါ် ICE ဟုယူဆရသော) အဖြူရောင် ပုံဆောင်ခဲများ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ရဲအုပ် သက်စိုးဦး ဦးစီးအဖွဲ့၊ နယ်ခြားစောင့်တပ်နယ်(၂)ဗဟိုကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့မှ ဗိုလ်ကြီးဇော်လင်း ဦးစီးအဖွဲ့တို့သည် သက်သေ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းပါ(၃)ဦးတို့နှင့်
အတူ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သုခိတာလမ်းနှင့် အောင်ချမ်းသာလမ်းထောင့်ရှိ MNI ကားအလှဆင်နှင့်ရေဆေးဆီ ထိုးဆိုင်ရှေ့တွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် YGN -1H-7794 ဖော်ကျူးနား၊အဖြူရောင်ယာဉ်တစ်စီးအား မောင်းနှင် လာသည်ကို တွေ့ရှိ၍ ရပ်တန့်ရှာဖွေစစ်ဆေးရာ အသာတကြည်အစစ်ဆေးမခံဘဲ ယာဉ်ပေါ်မှ နေ၍ လက်နက်ငယ်ဖြင့် ပူးပေါင်းအဖွဲ့ထံသို့ တစ်ချက်ပြန်လည်ပစ်ခတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့တွင် ပါဝင်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ M-16 လက်နက်ငယ်ဖြင့် ယာဉ်၏ဘီးများအားပစ်ဖောက်ခဲ့ရာ ယာဉ်၏ ရှေ့ဘီးအား ထိမှန် ပေါက်ထွက်သွားခဲ့ပြီး မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီးကျောင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထို့နောက် ပူးပေါင်းအဖွဲ့မှ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်အား ပိတ်ဆို့ဖမ်းဆီးနိုင်ရေးအတွက် ခလရ(၂၈)ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကိုဝင်းဦးစီးအဖွဲ့၊ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း ဦးစီးအဖွဲ့ ခမရ(၄၀၄)မှ ဗိုလ်ကြီး ၀င်းဇော်ဟိန်းဦးစီးအဖွဲ့၊ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်ဦးစီးအဖွဲ့၊ နယ်ခြားစောင့်တပ်နယ်(၃)မှ ဖိုးခွားဦးစီးအဖွဲ့၊ KNU ရဲတပ်ဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ စောဌေးဦးစီးအဖွဲ့၊ ကလိုထူးဘော(ယခင် DKBA)အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ မင်းမင်းဦးစီးအဖွဲ့၊ မဲ့ထော်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင်ဦးဆောင်သည့်အဖွဲ့တို့ဖြင့် ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေစစ်
ဆေးခဲ့သည်။
ထိုသို့ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားသော
ယာဉ်အမှတ်YGN-1H-7794 ဖော်ကျူးနား၊ အဖြူရောင် ယာဉ်အား ၁၄း၁၀ အချိန်ခန့်တွင် မြ၀တီမြို့၊ မဲ့ထော်သလေးကျေးရွာအထွက်၊ မြ၀တီ-ဖလူးသွားကားလမ်းမဘေး၊ေ့ပြာင်းတောထဲတွင် ရပ်တန့်ထားသည်ကို တွေ့ရှိရပြီး
ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် အဆိုပါယာဉ်အား
သက်သေများနှင့်အတူရှာဖွေစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ (စုံစမ်းဆဲ) အား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစုံစမ်းလျှက်ရှိသည်။

No comments: