Yllix

Y-8​လေယာဉ်​ပျက်​ကျသည်​အ​ကြောင်းဖြစ်​နိုင်​​ခြေ ၃ခုရှိ​ကြောင်း.....

Y-8 လေယာဉ် ပျက်ကျသည့် ဖြစ်နိုင်ချေအကြောင်းအရင်း သုံးခုရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
“ဖြစ်နိုင်ချေ သုံးခုကို ပြောပါတယ်၊ တစ်ချက်ကတော့ လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုပေါ့၊
နောက်တစ်ခုက ပေါက်ကွဲပစ္စည်းတစ်ခုခုနဲ့ ဖြစ်သလား၊ နောက်တစ်ခုက ပိုင်းလော့က Error ပေါ့၊
အဲ့ဒါနဲ့ ဖြစ်သလားပေါ့၊ ဒီလိုလည်း တွက်ကြပါတယ်” ဟု ဇွန်လ ၁၀ ရက်နေ့က
နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် လေယာဉ်ပျက်ကျသေဆုံးသူများ၏
ကျန်ရစ်သူမိသားစုဝင်များအတွက် အလှူငွေပေးအပ်ပွဲ၌ ၄င်းက ပြောသည်။
ဖြစ်နိုင်ချေ သုံးခုအနက် စက်ချို့ယွင်းသည့်အတွက်ကြောင့် ဖြစ်နိုင်ချေသည် အင်မတန်
နည်းပါးသော်လည်း ထိုသို့ မဖြစ်နိုင်ဘူးဟု ပြော၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
ဆိုသည်။
“စက်ပိုင်းဆိုင်ရာချို့ယွင်းတာ ဖြစ်ဖို့ဆိုတာ လေယာဉ်ကလည်း ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ
သုံးခဲ့တယ်၊ အရင် သူ့ထက်စောပြီးရောက်တဲ့ လေယာဉ်အမျိုးအစားတွေလည်း ကျွန်တော်တို့ဆီမှာ
ရှိပါတယ်၊ ကျွန်တော်တို့ တော်တော်ကို အသုံးများခဲ့တဲ့ဟာ(ပျက်ကျလေယာဉ်)လို့ ပြောရမယ်” ဟု
၎င်းက ပြောသည်။လေယာဉ်ပျက်ကျပြီးနောက် တပ်မတော်က အတည်ပြုထားခြင်း မရှိသည့် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့်
ပျက်ကျခြင်းဖြစ်သည်ဆိုသော သတင်းတစ်ခု ပြည်တွင်း ပုဂ္ဂလိကအွန်လိုင်းသတင်းဌာနတစ်ခု၏
ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းအတွက် ပြင်းထန်စွာရှုပ်ချကြောင်း ကာကွယ်ရေးဦးစီးချုပ်ကထည့်သွင်းပြောကြားသည်။

http://www.mmknowledgecorner.com/2017/06/y-8_13.ht
Credit


No comments:

Powered by Blogger.