Yllix

စင်္ကပူမှာ...........

စင်ကာပူမှာ 

အလုပ်လုပ်နေသော မြန်မာအိမ်အကူလေးတစ်ဦး
ဇွန် ၁၂ ရက် ၂၀၁၇ ညနေတွင် က ၁၉ လွှာကနေ

ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဗီဒီယို...

နေရာ - 180 Depot Road ရှိ Interlace Condo

ခုန်ချ မသေမှီမှာ အခြားမြန်မာ ၁ ယောက်နဲ့ စကားပြောခဲ့သေးတယ်လို့လဲ သိရတယ်...

SCDF (Singapore Civil Defence Force) rescue team မလာခင်မှာ နီးစပ်ရာလူတွေနဲ့ ခုန်မချဖို့ ညှိနှိုင်းခဲ့ကြတာ ဖြစ်မှာပါ...

စင်ကာပူ သတင်းစာကြီးများမှာ ပါလာခြင်း မရှိသေးလို့ တိကျတဲ့ သတင်းမရသေးပါဘူး ခင်ဗျာ...

အဲ့ဒီကွန်ဒိုမှာ အခန်းပေါင်း ၁၀၄၀ ရှိပြီး
၂၀၁၅ ခုနှစ်က World Architecture Festival မှာ the World Building of the year ဆု ရရှိထားတဲ့ အဆောက်အဦးပါ...

Update သတင်းအရ ၁၃/၀၆/၂၀၁၇ (12:05pm)

၁၉ ထပ်မှ ခုန်ချသေဆုံးသွားသော ညီမလေးဟာ မြန်မာ မိန်းကလေး ဖြစ်ကြောင်း confirm ပါ...

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အကယ်၍ တိုက်ပေါ်မှ ခုန်ချခဲ့လျှင် မသေနိုင်အောင် 

ပိုက်ကွန်၊ ရေမြှုပ်မွေ့ရာလိုမျိုး အရာတွေ အောက်မှ နေရာအနှံ ခံထားပေမယ့် ညီမလေး ပြုတ်ကျသွားတဲ့ နေရာမှာ ထိုအရာများ ခံထားလို့ မရသောကြောင့် ညီမလေး ကံဆိုးသွာရှာ...

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့မှာ မြန်မာစကားပြန်ပါရှိပြီး ခုန်မချဖို့ ၁ နာရီခွဲလောက် ညှိနှိုင်းခဲ့ပေမယ့် သေသွားသူညီမလေးက လက်မခံပဲ...

သူနဲ့ရင်းနှီးတဲ့ အင်ဒိုအိမ်အကူလေးကိုပဲ အတင်းခေါ်ခိုင်းဟုဆို...

(သေးဆုံးသူလေးဟာ မြန်မာအမည်ဖြစ်ပေမယ့် မြန်မာစကား နားလည်ဟန်မတူ)

ထို အင်ဒို အိမ်အကူလေးမှာလည်း အဖြစ်အပျက်ကိုသိပြီး shock ရကာ ခု ဆေးရုံတင်ထားရ...

အိမ်အကူလေးများ ကိစ္စတိုင်းကို လိုက်လံကူညီနေသော HOME အဖွဲ့အစည်းမှ အစ်မ ၁ ယောက် ယနေ့မနက် ရင်ခွဲရုံက အပြန်မှာ သိလာခဲ့ရသော သတင်းအချို့ကို ထပ်မံ Update ပေးလိုက်ပါတယ်...


No comments:

Powered by Blogger.