ၿမိတ္မွရန္ကုန္သို႔ပ်ံသန္းလာေသာတပ္မေတာ္ေလယဥ္တစ္စီး ဆက္သြယ္မူျပတ္ေတာက္ေပ်ာက္ဆံုး
ၿမိတ္ မွ ရန္ကုန္ သို႔ ပ်ံသန္းလာေသာ တပ္မေတာ္ေလယာဥ္ တစ္စီး ဆက္သြယ္မႈ ျပတ္ေတာက္ ေပ်ာက္ဆံုး
ေနျပည္ေတာ္၊ ဇြန္ ၇
ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္-ထား၀ယ္-ၿမိတ္-ဘုတ္ျပင္း-ၿမိတ္-ရန္ကုန္ ခရီးစဥ္အတိုင္း သက္သာေခ်ာင္ခ်ိေရးပစၥည္းႏွင့္ ခရီးသည္မ်ား ပို႔ေဆာင္ေသာ တပ္မေတာ္ေလယာဥ္ တစ္စီးသည္ ၿမိတ္သို႔ ေန႔လယ္ ၁၁ နာရီ ၅၅ မိနစ္တြင္ေရာက္ရွိခဲ့ၿပီး ၿမိတ္မွ ရန္ကုန္သို႔ မြန္းလြဲ ၁ နာရီ ၆ မိနစ္တြင္ အျမင့္ေပ ၁၈၀၀၀ ခန္႔မွ ျပန္လည္ထြက္ခြာပ်ံသန္းလာစဥ္ မြန္းလြဲ ၁ နာရီ ၃၅ မိနစ္ခ်ိန္ ထား၀ယ္ၿမိဳ႕ အေနာက္ဘက္ မိုင္ ၂၀ ခန္႔အေရာက္တြင္ ရုတ္တရက္ ဆက္သြယ္မႈ ျပတ္ေတာက္ေပ်ာက္ဆံုးလ်က္ ရွိပါသည္။ အဆိုပါ ေပ်ာက္ဆံုးေလယာဥ္ကို တပ္မေတာ္ေလယာဥ္/ေရယာဥ္မ်ားျဖင့္ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
မြိတ် မှ ရန်ကုန် သို့ ပျံသန်းလာသော တပ်မတော်လေယာဉ် တစ်စီး ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံး
နေပြည်တော်၊ ဇွန် ၇
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်လေယာဉ် တစ်စီးသည် မြိတ်သို့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျက် ရှိပါသည်။ အဆိုပါ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်လေယာဉ်/ရေယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit
No comments: