ရှမ်းပြည်မြောက်ပိုင်းရေပူဂိတ်တွင်ညအချိန်ပေါက်ကွဲမူဖြစ်ပွား
ရှမ်းပြည်မြောက်ပိုင်းလမ်း ရေပူစစ်ဆေးရေးဂိတ်မှာ
ဒီနေ့(ဇွန် ၃ရက်) ညပိုင်းကပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ဂိတ်တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ဒီနေ့ည ၉း၁၄ အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး
လားရှိုးမြို့ဘက်က အဝင်ဂိတ်အနီး လမ်းဘေးခြုံအတွင်းမှာ မိုင်းတလုံးပေါက်ကွဲတယ်လို့ သိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုမှာ လူ ကား နဲ့ ပစ္စည်းတွေ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီနေ့ညပိုင်း ၇း၃၀ အချိန်ကလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ရှိတဲ့ စတိုးဆိုင်တဆိုင်ကို လက်ပစ်ဗုံးထဲ့ထားတဲ့ ပါဆယ်ထုပ် ပေးပို့သွားတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဆိုင်ရှင်အမည်ရေးသားထားပြီး ဖန်ခွက်၃လုံးနဲ့အတူ ပေါက်ကွဲခြင်းမရှိသေးတဲ့ လက်ပစ်ဗုံးတလုံးထဲ့ထားတဲ့ ပါဆယ်ထုပ်ကို ကျောက်မဲမြို့ "အောင်" စတိုးဆိုင်ကို လူတယောက်ကလာပို့သွားတာဖြစ်ကြောင်းသိရပါတယ်။
#MUNA
ဓါတ်ပုံ - ရေပူဂိတ်/ဖေ့ဘုတ်
Credit
No comments: