တရားသူကြီးကို ဖိနပ်နဲ့ပေါက်တဲ့ရှေ့နေ
တရားသူကြီးကို ဖိနပ်နဲ့ပေါက်တဲ့ ရှေ့နေ (ဖိနပ်နဲ့ပေါက်သင့်တဲ့
တရားသူကြီးမျိုးကို ဖိနပ်နဲ့ပေါက်တာပါ)
***************************************
အန်ကယ်ဦးဇော်ဝင်း...တရားမျှတမှုဟာ ခဗျားနဲ့ တူတူရှိနေမှာပါ.
ခဗျားကို အသရေဖျက်တဲ့သူတွေရှိပေမယ့် အမှန်တရားဟာ ခဗျားနဲ့ ရှိနေမှာပါဦးဇော်ဝင်း(Min Min Soe)
.
နောက်ကြောင်းပြန်မလှည့်ဘူးဆိုပေမယ့် လှည့်ချင်ရင်လည်း လှည့်တာပဲ..၂၀၁၁မှာ မြေယာအမှုနဲ့ တောင်သူတွေ ပြင်ဦးလွင်မှာ တရားရင်ဆိုင်ရတယ်.မြေယာအမှုနော်.လုယက်မှုမဟုတ်ဘူး။နှိပ်စက်မှုမဟုတ်ဘူး။ဆေးမှုမဟုတ်ဘူး။ဒါပေမယ့် အာမခံမရဘူး.ဒါနဲ့ အဲဒီအမှုလိုက်နေတဲ့ ပြင်ဦးလွင်က ရှေ့နေကြီးဦးဇော်ဝင်းက ဆေးစာနဲ့ အာမခံလုပ်ပေးတယ်.အဲဒါကို အာမခံအတုလုပ်ပါတယ်ဆိုပြီး ဦးဇော်ဝင်းကို တရားစွဲတယ်.ပြင်ဦးလွင်တရားရုံးကနေ လုံခြုံရေးအရဆိုပြီး မတ္တရာတရားရုံးကို ပြောင်းပစ်တယ်.သက်သက်မဲ့ ဒုက္ခပေးတာပါဗျာ.ပြင်ဦးလွင်ကနေ မတ္တရာကို အပတ်တိုင်း ရုံးချိန်းလာရအောင်လုပ်တာ..ဦးဇော်ဝင်းဆိုတာ တောင်သူအရေးလုပ်နေတဲ့ဘဲကြိး..တောင်သူတွေ ရာချီပြီး တရားစွဲခံရတယ်.အာမခံလျှောက်ရင် ဘီလစ်စာရေးက လဘက်ရည်ဖိုးတောင်းတာကို ပေးစရာမလိုဘူးဆိုပြီး ရှေ့ကနေ ဆော်လာခဲ့တဲ့ ဘဲကြီး.ဒီလိုနဲ့ အဲဒီအမှုကြီးဟာ မေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်.ဒီကြားထဲမှာ တောင်သူအမှုနဲ့ သူထောင်ကျတယ်.လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်.ပြီးခဲ့တဲ့လ ၁၆ရက်နေ့က ငါန်းဇွန်တောင်သူတွေ မြေနုကျွန်းကိစ္စ အငြင်းပွားတာနဲ့ပက်သက်ပြီး မန္တလေးမှာ ဆန္ဒပြတော့ သူက ဦးဆောင်ပါဝင်ခဲ့တယ်.တိုက်ရိုက်ဆက်စပ်မှုပဲလား.ဘာပဲလား.ငါးနှစ်ကျော် အာမခံနဲ့ရင်ဆိုင်လာခဲ့တဲ့ ၂၀၁၁က ဆေးစာအတုဆိုတဲ့ အမှုက ချက်ခြင်းပဲ အာမခံပိတ်ပြီး အိုးဘိုထောင်ထဲ ပို့လိုက်တယ်.ဘာတွေလဲဗျာ.အခု မတ္တရာမှာ အမှုရင်ဆိုင်တယ်.သူကိုယ်တိုင် ထုချေတယ်.ထုချေခွင့်မရခင် ပိတ်လိုက်တော့ သူ စိတ်လွတ်သွားပုံပေါ်ပါတယ်.ဖိနပ်နဲ့ ကောက်ပေါက်တယ်.တော်တော်များများက ဖိနပ်နဲ့ ကောက်ပေါက်တာကိုပဲ ပြောနေတယ်.ကောက်ပေါက်စေတဲ့အကြောင်းရင်းတွေကျ မပြောကြတာ ခက်တာပဲ..လေးစားပါတယ်.အန်ကယ်ဦးဇော်ဝင်း.တရားမျှတမှုဟာ ခဗျားနဲ့ တူတူရှိနေမှာပါ.ခဗျားကို အသရေဖျက်တဲ့သူတွေရှိပေမယ့် အမှန်တရားဟာ ခဗျားနဲ့ ရှိနေမှာပါဦးဇော်ဝင်း
Min Min Soe
.
Credit : Min Min Soe
Video: Tin Tun Aung via ဖြစ်ရပ်ဆန်းများ စုစည်းရာ
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
01-06-2017
Credit
No comments: