Yllix

ဘယ်လိုလုပ်ရင်ပျော်မှာလည်း

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်
$$$$$$$$$$$$$$$$

တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက်သူ့သားကို ပညာရှိတစ်ဦးထံ စေလွှတ်လိုက်တယ်။
ပညာရှိကြီးက တောင်ထိပ်မှာခန့်ညားစွာတည်ရှိနေတဲ့ ရဲတိုက်ကြီးတစ်ခုမှာ နေတယ်။ပညာရှိကြီးက ခန်းမကျယ်ကြီးထဲမှာ ဧည့်ခံပွဲ
တစ်ခုလုပ်နေသတဲ့၊အဲဒီအခန်းထဲမှာ
လူတွေကပျားပန်းခပ်သွားလာလှုပ်ရှားနေကြတယ်။ တီးဝိုင်းတစ်ခုကလဲသာယာငြိမ့်ညောင်းတဲ့
တေးသွားကို တီးခတ်နေတယ်။ စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့
ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံး လို့ ထင်ရလောက်တဲ့
စားသောက်ဖွယ်ရာအမျိုးစုံကို ခင်းကျင်းပြင်ဆင်ထားတယ်။အချို့ကလဲ အစားအသောက်
စားရင်း စကားစမြည် ပြောနေကြတယ်။
ပညာရှိကြီးက လူတစ်ဦးချင်းစီကို လိုက်လံနှုတ်ဆက်နေတာနဲ့လူငယ်လေးဟာ ပညာရှိကြီးနဲ့တွေ့ဖို့အချိန်နှစ်နာရီ
လောက်ကြာသွားတယ်။ ပညာရှိကြီးက လူငယ်လေးရှင်းပြတာကို
သေသေချာချာအာရုံစိုက်နားထောင်ပြီး ယခုလောလောဆယ်မှာ
ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုရှင်းပြဖို့အချိန်မရှိသေးဘူးလို့ပြောတယ်၊ဒီရဲတိုက်ကြီးထဲမှာ
လှည့်လည်ကြည့်ချေပါ၊အချိန်နှစ်နာရီ အကြာမှာပြန်လာဖို့ပြောပါတယ်။
အဲဒီလို လျှောက်ကြည့်နေစဉ်အတွင်းမှာ မင်းကိုလုပ်စေချင်တာ
တစ်ခုရှိတယ်လို့ပြောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲကို ဆီနည်းနည်း
ထည့်တယ်၊ပြီးတော့ လူငယ်လေးကိုပေးတယ်၊မင်းဘေးပတ်ဝန်းကျင်ကို
လျှောက်ကြည့်နေတုန်းဒီဇွန်းလေးကို ယူသွားပါ၊ဇွန်းထဲက ဆီကို
မဖိတ်စင်အောင်ဂရုစိုက်ပါ လို့ပြောလိုက်တယ်။
ကောင်လေးဟာရဲတိုက်ကြီးထဲမှာ အခန်းခန်းအဆောင်ဆောင်လှေခါးထစ်ပေါင်းများစွာ
ကျော်ဖြတ်ရင်းသွားတယ်၊ ရဲတိုက်အပြင်ဘက်က ဥယျာဉ်ထဲလဲသွားတယ်၊သူ့လက်ထဲက
ဆီဇွန်းကိုတော့ မဖိတ်စင်အောင် အထူးအာရုံစိုက်သွားတာပေါ့။
နှစ်နာရီပြည့်တော့ ပညာရှိကြီးရှေ့မှောက်ကို
ကောင်လေးပြန်ရောက်တယ်၊ပညာရှိကြီးက လျှောက်ကြည်ခဲ့တာ ဘာတွေ မြင်ခဲ့သလဲလို့မေး
တယ်၊ထမင်းစားခန်းထဲက
ရွှေချည်ထိုးပန်းချီကားကြီးမြင်ခဲ့သလား၊
ဥယျာဉ်ထဲကသက်တံရောင်နှင်းဆီပန်းတွေ တွေ့ခဲ့သလား၊စာကြည့် ခန်းထဲက
ရှေးဟောင်းပုရပိုက်စာတွေ ကြည့်ခဲ့သလားမေးတယ်၊လူငယ်လေးကလဲ
ရှက်ကိုးရှက်ကန်းနဲ့မတွေ့ခဲ့ရကြောင်း၊ဇွန်းထဲကဆီ မဖိတ်အောင်သာ
အာရုံစိုက်နေခဲ့ကြောင်းပြန်ပြောတယ်။
ပညာရှိကြီးကတော့ ခပ်ပြုံးပြုံးပါပဲ၊ဒါဆို
နောက်တစ်ခေါက်ပြန်သွားကြည့်ပေါ့ကွာတဲ့၊ကောင်လေးဟာ
ဆီဇွန်းလေးကောက်ယူပြီးနောက် တစ်ခေါက်ထွက်သွားပြန်တယ်။
ကောင်လေးကနံရံနဲ့မျက်နှာကြက်ပေါ်ကအနုပညာလက်ရာ၊ဥယျာဉ်ထဲကပန်းပေါင်းစုံရဲ့အလှအပတင်မကရနံ့ပါရှူရှိုက်တယ်၊
ရဲတိုက်ကြီး ရဲ့ဝန်းကျင်မှာ ရစ်ခွေစီးဆင်းနေတဲ့မြစ်နဲ့တောင်တန်းကြီးရဲ့ရှုမျှော်ခင်းတွေကို
သေသေချာချာလေ့လာခံစားပြီးမှ ပညာရှိကြီးထံ ပြန်လာ တယ်၊ပညာရှိကြီးကို
သူမြင်တွေ့ခဲ့ရသမျှ အားရပါးရပြန်ပြောတယ်။
ပညာရှိကြီးက ကြည့်ခဲ့တာတော့ ဟုတ်ပါပြီ၊ဆီတွေကောတဲ့၊အဲဒီတော့မှ
လူငယ်လေးကသူ့ဆီဇွန်းကိုသတိရတယ်၊ဇွန်းထဲမှာ ဆီတစ်စက် မှ
မကျန်တော့ဘူး။ပညာရှိကြီးက ငါမင်းကိုပေးနိုင်တဲ့
အကြံကဒါပါပဲ၊ပျော်ရွှင်ခြင်းရဲ့လျှိုဝှက်ချက်ဆိုတာ
ကမ္ဘာလောကကြီးရဲ့အံ့မခန်းလှပ ဆန်းကြယ်မှုတွေကို လေ့လာခံစားရင်း
လက်ထဲကဆီဇွန်းကိုဘယ်တော့မှမမေ့ရဘူးတဲ့။
အချို့တွေဟာ အပျော်အပါးထဲမှာအာရုံနစ်နေပြီး
ဘ၀တိုးတက်ရာတိုးတက်ကြောင်းကိုမေ့နေတတ်တယ်။ အပျော်အပါးတွေမှာအချိန်ကုန် ပြီး
နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာမှမကျန်တော့မယ့်အဖြစ် ရောက်တတ်တယ်။
နည်းနည်းလေးဖြစ်ဖြစ် ကျန်ခဲ့ရင်ရေးရကြိုးနပ်ပါတယ်။
ကိုယ့်စီးပွားရေး၊ကိုယ့်ကိုယ်ရေးကိုယ်တာကိုသာ အာရုံစိုက်နေလို့
ကိုယ့်ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်မိ၊ စိတ်ချမ်းသာပျော်ရွှင်မှုအတွက်
အချိန်မပေးနိုင်တာလဲ မဖြစ်စေနဲ့၊ကိုယ့်ဘ၀ တိုးတက်ရာတိုးတက်ကြောင်းအတွက်
ကြိုးစားနေရင်းနဲ့ပဲ စိတ်အပန်းဖြေစရာအချိန်လေး
တွေ၊ပျော်စရာအကြောင်းအရာလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ
ရှာဖွေကြည့်မြင်တတ်ရမယ်။

Date: 2010/8/20
Credit - Myominaung
From Monday july

No comments:

Powered by Blogger.