ကားဆရာကိုဂုဏ်ပြုပေးခြင်ရှယ်ပေးကြပါ။
ဘတ်စ်ကားမှတ်တိုင်မှ ကောက်ရထားသည့် ငွေ ၁၇ သိန်းခွဲပါ စာအိတ်များကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်
------ ------ ------ ----- ----- ----- ----- ----- ----- -----
ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း (လမ်းဆုံမှတ်တိုင်) မှ ကောက်ရထားသည့် ငွေ ၁၇ သိန်းခွဲပါ စာအိတ်များ၏ပိုင်ရှင်ကို စုံစမ်းသိရှိရသည့်အတွက် ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် ဆရာစံတောင်(စံပြ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းက ပြောသည်။
"ငွေသားက အားလုံး ၁၇သိန်းခွဲပါ။ ပိုင်ရှင်ကို ပြန်ပြီးပေးလိုက်ပါပြီ"ဟု ၄င်းကပြောသည်။
ယင်းငွေသားများ၏ပိုင်ရှင်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ဇွန်လ ၂၂ ရက် နံနက်က အဆိုပါမှတ်တိုင်တွင် မေ့ကျန်ခဲ့ခြင်းဖြစ်သည်။
"သူက အဲဒီမှတ်တိုင်နားကို တက္ကစီနဲ့ ရောက်လာတာ။ မော်လမြိုင်ကိုသွားမဲ့ မန္တလာမင်းကားကို လာစောင့်တာပေါ့။ မန္တလာမင်းကားက အဲဒီမှတ်တိုင်မှာမရပ်တော့ ကားရပ်တဲ့နေရာကိုသွားရင်းနဲ့ ခြင်းတောင်း ကျန်ခဲ့တာပေါ့။ အဲဒီစာအိတ်တွေကလည်း မော်လမြိုင်က ဆွေမျိုးတွေကို ဥပုသ်လ လှူဖို့ယူသွားတဲ့ (ဇကာ့ဒ်) ငွေတွေပါ။ အဲဒီမှတ်တိုင်မှာ YBS ၆၄ ကားကလည်းရပ်၊ ဈေးသည်တွေကလည်းဆင်းကြတယ်၊ ပစ္စည်းအတင်အချလုပ်ခဲ့တာဆိုတော့ တွေ့တဲ့သူတွေက ကျွန်တော့်ဆီလာအပ်ခဲ့တာပါ''ဟု ဦးမောင်မောင်ထွန်းကပြောသည်။
ခြင်းတောင်းတခုအတွင်းထည့်ထားသော ငွေသားပါ စာအိတ်များကို ဇွန် ၂၂ မနက် ၆ နာရီ ၄၅ မိနစ်အချိန်က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း (လမ်းဆုံမှတ်တိုင်)မှ ကောက်ရထားကြောင်း၊ ပိုင်ရှင်မှခိုင်လုံသောအထောက်အထားများဖြင့် လာရောက်ရွေးယူရန် ဖိတ်ခေါ်ထားသည့်သတင်းကို News Watch ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ဖတ်ရူရသည့်အတွက် ပိုင်ရှင်၏ဆွေမျိုးများမှ ၄င်းထံဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ထွန်းက ပြောသည်။
ယင်းသို့ ဆက်သွယ်လာသည့်အတွက် ကာယကံရှင်နှင့်အတူ ဆွေးမျိုးများအား ဆရာစံတောင်(စံပြ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ဖိတ်ခေါ်၍ ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ် ခိုင်လုံသည့်အထောက်အထားရရှိရေး ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
ပိုင်ရှင်ဖြစ်သူမှ ခြင်းတောင်းအတွင်းပါရှိသော အဝတ်အစားအရေအတွက်၊ ပုဝါအရောင်၊ အနီရောင်ဓာတ်မီးတလက်၊ ဆီးချိုဆေးအစရှိသည့် ပစ္စည်းစာရင်းကို မှန်ကန်စွာပြောဆိုနိုင်ပြီး စာအိတ် ၂၀ ကျော်အနက် စာအိတ် ၁၈ ခုအပေါ်တွင်ရေးသားထားသော လိပ်စာနှင့် အမည်များကိုလည်း မှန်ကန်စွာ ပြောဆိုနိုင်ခဲ့ကြောင်း၊ ငွေသားပမာဏကိုလည်း ၁၇သိန်း နှင့် ၁၉သိန်းကြားဟု အနီးစပ်ဆုံးပြောဆိုနိုင်သဖြင့် ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း ခိုင်လုံသည့်အတွက် ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
"ဒီခြင်းတောင်းကိုတွေ့ရှိပြီး ကျွန်တော်ဆီလာအပ်တဲ့ လင်မယားစုံတွဲကို ပိုင်ရှင်က ငွေကျပ် ၄ သိန်း ပြန်ပြီးဂုဏ်ပြုတယ်။ ကျွန်တော်တို့ရုံးကလည်း အဲဒီစုံတွဲကို ပုဆိုးတကွင်းဂုဏ်ပြုပြီးတော့ မှတ်တမ်းတင်ထားပါတယ်"ဟု ဦးမောင်မောင်ထွန်းကပြောသည်။
Rajeev Ranjan
No comments: