Yllix

facebook like များခြင်ရုံနဲ့ဗျာ

Facebook မှာ Like များများရဖို့ (၁၅)လွှာကနေ သားကိုပစ်ချဖို့ပြင်တဲ့ဖခင်

အယ်လ်ဂျီးယားပြည်နယ် Bab Ezzuar မြို့မှာ ရှိတဲ့ ဖေ့ဘွတ်အသုံးပြုသူဖခင်တစ်ဦးဟာ မိမိကလေးအပေါ် ရက်စက်တဲ့ အပြုအမှုကို ပြုလုပ်ခဲ့ပြီး ဖေ့ဘွတ်ပေါ်မှာ တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ သူတင်ခဲ့တဲ့ပိုစ့်မှာ Like နဲ့ View များစွာကိုလိုချင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် သူဟာ အမြင့် ပေ ၁၅၀ ရှိတဲ့ ၁၅ လွှာ ပြတင်းပေါက်မှနေပြီး သားဖြစ်သူကို အင်္ကျီဂုတ်မှကိုင်စွဲကာ အပြင်ကိုပစ်ချတော့မယ့် ဗွီဒီယိုကို ဖေ့ဘွတ်ပေါ်သို့တင်ခဲ့ပါတယ်။ ထို ပိုစ့်ရဲ့အပေါ်မှာတော့ Like ၁၀၀၀ ပေးမလား ( သို့မဟုတ် ) ကလေးကိုပစ်ချလိုက်ရမလား ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။

ထိုပိုစ့်ကိုတွေ့ရှိခဲ့တဲ့သူတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး အယ်လ်ဂျီးယားမြို့ရဲ့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တဲ့အခါ တာဝန်ရှိသူများက ထိုဖခင်ကို ပြစ်ဒဏ်စီရင်ခဲ့ကြပါတယ်။ သူဟာ သူရေးခဲ့တဲ့စာကြောင်းကြောင့် ထောင်ဒဏ် နှစ်နှစ်ကျခံခဲ့ရတယ်လို့သိရပါတယ်။

Credit Lwin Pyin

No comments:

Powered by Blogger.