အဘွားအိုကို လုပ်ရက်တာကွာ
သထင်းထူး 22.6.2017
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်
ရွာကုန်းကြီးရဲစခန်းအပိုင် ရေရှင်ကျေးရွာတွင်
အဖွားအိုတစ်ဦးအားဓားထိုးအကြမ်းဖက်လုယက်မှုတစ်ခု
ဖြစ်ပွားခဲ့ပါတယ်။
ုဖြစ်စဉ်မှာ
ယနေ့ နေ့လည် 2နာရီ 15 မိနစ်အချိန်ခန့်တွင်
ယခုပုံပါအသက် 70နှစ် နီးပါးအရွယ်အဖွားအိုမှာ ၎င်း၏နေအိမ်တွင်
တစ်ဦးတည်းရှိနေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူဟု
ယူဆရသည့် ရေရှင်ကွက်သစ်တွင်နေထိုင်သူ အမည်မသိရခိုင်တစ်ဦးမှ ( သူ၏ ပုဆိုးအားခြုံ၍ ရုပ်ဖျက်ကာ) အဖွားအိုအား
ဓားဖြင့် ထိုးနက်အကြမ်းဖက်လုယက်ခြင်းဖြစ်ပါတယ်။
အမေအရွယ် အဖွားအရွယ်တစ်ယောက်အား
ယခုကဲ့သို့ လူမဆန်စွာ ရက်ရက်စက်စက်ပြုလုပ်သွားသည့်
တရားခံအား အမြန်မိအောင် ယခုပို့စ်အား share ပေးခြင်းဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အား ဖိအားတစ်ခု ဖြစ်စေမှာဖြစ်ပါတယ်။
ကျေးဇူးပြု၍ share ပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။
မူရင်း https://m.facebook.com/groups/1446438698983560?view=permalink&id=1886846878276071
No comments: