ခံပြင်းစရာ ကိုယ်ခြင်းစာရင် ရှယ်ပေးကြပါ။
ကာမ လိမ်လည်ရယူခဲ့ပီး မင်္ဂလာဆောင်သည့်နေ့တွင်
ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ၀က်လက်မြို့နယ်
သစ်ဆိမ့်ရဲကင်း ရဲစခန်းမှ ရဲတပ်သား ဖိလစ်နှင့် အားပေး
ကူညီခဲ့သည့် ရဲစခန်းမှူးဒုရဲအုပ်ဇော်ခိုင် တို့နှစ်ဦးအား
အရေးယူပေးနိုင်ပါရန်တိုင်ကြားခြင်း
(ရွှေတံခါးမှူး ချစ်သူ စာမျက်နှာ မှတဆင့်)
===============================
သူကကျွန်မကိုအတည်တကျပေါင်းသင်းယူမယ်လို့ပြောပြီး
ကျွန်မ၏ကာမကိုလိမ်လည်သွားပါသည်
မင်္ဂလာဆောင်သည့်နေတွင်သူရောက်လာခြင်းမရှိပါ
သူတို့၏စခန်းမှူးဖြစ်သောသစ်ဆိမ့်ရဲကင်းရဲစခန်းမှူး
ဒုရဲအုပ်ဇော်ခိုင်သည်ကျွန်မတို့၏ပတ်ဝန်းကျင် ဆွေမျိုး
အသိုင်းအဝိုင်းများအလယ်တွင်ဒုရဲအုပ်ဇော်ခိုင်သည်
သူ၏မိဘများကအဝေးနေသဖြင့်သူ၏မိဘကိုယ်စား
ကျွန်တော်ကဘဲမင်္ဂလာဆောင်အတွက်အစစအရာရာ
ဦးဆောင်ပြီးဆောင်ရွက်ပေးသွားမည်ဟုကျွန်မတို့၏
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကျွန်မတို့၏ဆွေမျိုးများ
အလယ်တွင်အာမခံပြောသွားပါသည်
ကျွန်မ၏အမေမှာရဲတပ်သားဖိလစ်နှင့်သဘောမတူ
ကြောင်း ရဲအုပ်ဇော်ခိုင် ကိုပြောလိုက်၍ရဲအုပ်ဇော်ခိုင်
သည် ကျွန်မကိုဖုန်းဆက် ၍နင့်အမေကနင်တို့ကိုသဘော
မတူဘူးလို့ငါ့ကိုပြောလိုက်ပီလို့သူကလည်းနင့်ကိုအတည်
တကျပေါင်းသင်းမယ်တဲ့သူကပြောတယ်...ငါအခိုးလွှတ်
လိုက်မယ်လို့ပြော ဆိုပီးဖိလစ်နှင့်ရဲတပ်သားအောင်ကျော်
သူရကိုအခိုးလွှတ်လိုက်ပါသည်
သူစခန်းထဲမှာဘဲကျွန်မကိုဖွတ်ထားခဲ့ပါသည်
ကျွန်မအမေက ဖုန်းဆက်၍စခန်းမှာသလားလို့မေးတော့
မရှိဘူးတဲ့ သူတို့လည်းကူပြီးရှာပေးမည်ဟု စခန်းမှူးကပြော
လိုက်ပါသည် ကျွန်မအမေက လူပျောက်တိုင်မည်ဟုပြန်ပြော
ပါသဖြင့် စခန်းမှူး ကလူပျောက်တိုင်လည်းဘာမှမဖြစ်ဘူး
ငါကြည့်ရှင်းပေးမယ်ဟုကျွန်မကိုပြောပါသည်
ကျွန်မ အမေ ကျွန်မ၁၈နှစ်မပြည့်သေးလို့တိုင်မယ်
လူပျောက်ကိုလည်းစခန်းမှူးဖွတ်ထားသဖြင့်တိုင်မည်
ဟုပြောခဲ့သဖြင့် သူသည် ကျွန်မအမေထံအကြိမ်ကြိမ်
လာတောင်းပန်ပြီး မင်္ဂလာဆောင် အတွက်တင့်တင့်တယ်
တယ် လှလှပပဖြစ်ရပါစေမယ် အမရယ်ဆိုလို့ကျွန်မ
အမေက လက်ခံခဲ့ပါသည်
ကျွန်မတို့မိသားစုနှင့်ရဲအုပ်ဇော်ခိုင်သည်မိသားစုသဖွယ်
ရင်းနှီးခဲ့ပါသည် သူ၏စကားကြောင့်အမေကလက်ခံခဲ့
တာပါကောင်လေးလခနဲ့ဆိုဘယ်မဆောင်မလဲဆိုတော့
သူကကျွန်တော်အစစအရာရာတာဝန်ယူမယ်တဲ့
မင်္ဂလာဆောင်တဲ့နေ့မှ ခုချိန်ထိသူတို့နှစ်ဦးစလုံးလာရောက်
ချင်းမရှိပါ
စခန်မှူးသည်သူ၏တပည့်ဖိလစ်ကိုတော့အကုန်အဆင်ပြေ
စေရမယ်လို့ပြောပါတယ်တဲ့ မင်္ဂလာဆောင်အတွက်သူဘာမှ
မဆိုင်သလိုနေခဲ့ပါသည် ကျွန်မအမေသည်သမီးအရှက်မရစေ
ရန်ကိုယ်တိုင်စိုက်ထုတ်၍ဆောင်ပေးခဲ့ပါသည်ဒါပေမဲ့
မင်္ဂလာဆောင်သည့်နေတဲ့နေ့တွင်အုပ်ထိမ်းသူအနေနှင့်
အာမခံထားသော ရဲအုပ်ဇော်ခိုင်နှင်သတို့သားဖိလစ်တို့
လာရောက်ခြင်း မရှိပါ
ဒီလိုမျိုးဖြစ်စဉ်နဲ့ပက်သက်ပီး ကျွန်မတို့ ဘက်မှဝက်လက်တရားရုံးကို4/4/2017့ရက်နေ့ကတရားရုံးကိုတိုင်ထားတဲ့
ဟာက ဖိလစ်ကို ၄၁၇ နဲ့တရားစွဲပြီးဒု-ရဲအုပ်ဇော်ခိုင်ကို
ဋ္ဌာန ဆိုင်ရာအကြီးအကဲတစ်ယောက်အနေနဲ့မသက်ဆိုင်ဘူး
ဆိုပီး အမှုကနေဖယ်ထုတ်လိုက်တယ်
ရုံးချိန်က 7ကြိမ်ရှိပါပြီ ဘာမှမထူခြားသေးပါ ဖမ်းဝရမ်းမတင်
သွင်းသေးဘူးလို့ပြောတာ၂ခါရှိနေပါပြီ
အဆိုပါ ဖြစ်စဉ်နဲ့ ပက်သက်ပီး ကျွန်မကိုလက်ထပ်ယူ
ပါမည်ဟု ပြောဆိုခဲ့ပီး ကာမကို လိမ်လည်ရယူသွား
သည့်အပြင် မင်္ဂလာဆောင်ရန်ဖိတ်စာဝေပီးသည့်
အချိန်တွင် ထွက်ပြေးသွားခဲ့သည့် ရဲတပ်သားဖိလစ်
အား ၄င်း အဆိုပါဖြစ်စဉ်တွင် အားပေးကူညီခဲ့သည့်
ဒု-ရဲအုပ် ဇော်ခိုင်အား လိုအပ်သလို ဆက်လက်
အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထဲ
ရေး ၀န်ကြီးနှင့် ရဲချု့ပ်ကြီး သိရှိနိုင်စေရေးအတွက်
တိုင်ကြားအပ်ပါသည် ရှင့်
ပန်းအိဝေ
၅/၀လန(နိုင်)၂၀၁၀၆၇
အမှတ်(၁) ...သီရိရပ်..
ဝက်လက်မြို့...ရွှေဘိုခရိုင်..
စစ်ကိုင်းတိုင်း
09792100062
ရွှေတံခါးမှူးချစ်သူမီဒီယာစာမျက်နှာ
https://m.facebook.com/groups/734171410063426?view=permalink&id=1008689079278323
Ok1
ReplyDelete