Yllix

ဘယ်​​လောက်​ဖမ်းဖမ်းမကုန်​နိုင်​ပလား.....

ရှမ်းပြည်မြောက်ပိုင်းလမ်း ရေပူစစ်ဆေးရေးဂိတ်မှာ အခုမနက် ၃း၀၀အချိန်က လိုင်စင်မဲ့ကားတစီးပေါ်တင်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လိုင်စင်မဲ့ကားကို YGN 4F/2175 နံပါတ်ပြားကပ်ကာမှောင်းနှင်လာတာဖြစ်ပြီး ကားအတွင်းမှာ တရုတ်နိုင်ငံကိုတရားမဝင် တင်ပို့မယ်လို့ ယူဆရတဲ့ကျောက်စိမ်းတုံးတွေကို ဖွက်ပြီးသယ်ဆောင် လာတာဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ကျောက်စိမ်းတုံးအရေအတွက်ကိုတော့ လက်ရှိချိန်မှာသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဇွန် ၇ ၂၀၁၇

ဓါတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်
Credit


No comments:

Powered by Blogger.