သမီးရီးစားကိစ္စများစကားများရယ်လို့လေ....
သမီးရီးစားကိစ္စ မကျေနပ်သဖြင့် စကားများရာ ဓါးနှင့်ထိုးသဖြင့် လူငယ်တဦးသေဆုံးမှု မန္တလေးတွင်ဖြစ်ပွား
************************************
မန္တလေး၊ ဇွန် ၇
မန္တလေးမြို့တွင် ယခင်သမီးရီးစားကိစ္စ စကားများပြီး မကျေမနပ်ဖြစ်ကာ အသင့်ယူလာသော ဓါးနှင့်ထိုးသဖြင့် လူငယ်တဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇွန်လ ၅ရက်နေ့ နံနက် ၁၀း၄၅အချိန် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၁လမ်း ၇၅×၇၆ကြား မောရဂီပါရပ်ကွက်ရှိ ရွှေဥယျာဉ်စားသောက်ဆိုင်ရှေ့တွင် အောင်ကျော်စိုး ဆိုင်ကယ်ပေါ်သို့တက်စဉ် ရန်အောင်နှင့်လူနှစ်ဦးရောက်ရှိလာပြီး ယခင်သမီးရီးစားကိစ္စ မကျေမနပ်ဖြစ်ကာ စကားများရာမှ အသင့်ယူဆောင်လာသော အရိုးအသွား ၉လက်မရှိဓါးနှင့်ထိုးကာ ထွက်ပြေးသွားခဲ့သည်။
မန္တလေး ချမ်းအေးသာစံမြို့မရဲစခန်းမှ ရန်အောင်နှင့်တရားခံနှစ်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းနေ့ နေ့လည် ၁း၄၅အချိန်တွင် မောရဂီဝါရပ်ကွက်နေ အသက်၂၀နှစ်အရွယ်ရှိ တရားခံ ရန်အောင်(ခ)ဗလ တစ်ရပ်တည်းနေ ဘအေး(ခ)ဇော်ဦး (၂၅နှစ်) ဇော်ထက် (၂၈နှစ်) တို့ ၃ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဓါးထိုးခံရသူ အောင်ကျော်စိုးမှာ ဝမ်းဗိုက်နှင့်နောက်ကျော ဓါးထိုးခံရပြီး ဆေးရုံသို့ အရေးပေါ်တင်ဆောင် ကုသနေစဉ် ရရှိဒဏ်ရာဖြင့် ၎င်းနေ့ ည၉နာရီအချိန်တွင်သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ချမ်းအေးသာစံမြို့မရဲစခန်းမှ ဓါးနှင့်ထိုးသည့် တရားခံများအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နှင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MUNA
Credit
No comments: