ပုဂံမြှော မလုပ်သင့်ဘူး လို့ထင်တယ်....
နိုင်ငံခြားသူတဦး အောက်ပိုင်းဗလာကျင်းနှင့် ပုဂံမြေမှာ ဓါတ်ပုံရိုက်ပြီး အင်စတာဂရမ်တွင် တင်ပြထားသဖြင့် မြန်မာ့လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်လျှက်ရှိ
******************************************
ဇွန် ၆ ၂၀၁၇
နိုင်ငံခြားသူတဦး အောက်ပိုင်းဗလာကျင်းနဲ့ ပုဂံမြေမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို အင်စတာဂရမ် အကောင့်မှာ လွန်ခဲ့တဲ့ ၂၂နှစ်နာရီက တင်ပြထားတာကြောင့် မြန်မာ့လူမှုကွန်ရက်ဖေ့ဘုတ်မှာ ဝေဖန်မှုမြင့်တက်လျှက်ရှိပါတယ်။
မြန်မာ့ပုဂံမြေမှာ အောက်ပိုင်းဗလာကျင်းနဲ့ ဓါတ်ပုံရိုက်ကူးကာ အင်စတာဂရမ်မှာအခုလိုတင်ပြတဲ့အတွက် ပြင်းထန်စွာရှုံ့ချကြောင်း ဆန့်ကျင်ကြောင်း
"မြန်မာ့ယဉ်ကျေးမှုနဲ့ လုံးဝဆန့်ကျင်ရုံမက အထူးသဖြင့် ယခုလို ယဉ်ကျေးမှုနယ်မြေတွင် ပြုမူခြင်းအား ပြင်းထန်စွာ ရှုံ့ချအပ်ပါသည်" ဟု ဖေ့ဘုတ်သုံးစွဲသူတွေက ရေးသားဖော်ပြကြပြီး ကန့်ကွက်ထားကြပါတယ်။
ဗလာကျင်းဓါတ်ပုံ တင်ပြထားတဲ့ အင်စတာဂရမ်အကောင့်အမည်ဟာ cheekyexploits ဖြစ်ပြီး အောက်ပါ လင့်ခ်
(( https://www.instagram.com/cheekyexploits/ )) ကနေ ဝင်ကြည့်လို့ရကြောင်း ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။
No comments: