Yllix

မြန်​မာ ၈၀ ဦးတင်​​ဆောင်​လာသည့်​ ကားတိမ်း​မှောက်​ သုံးဦးဒဏ်​ရာပြင်းထန်​ ထွက်​​ပြေသူများအား ထိုင်းစစ်​တပ်​မှလိုက်​လံဖမ်းဆီး

မြန်မာ(၈၀) ဦးတင်ဆောင်လာသည့် ကားတိမ်းမှောက်၊ သုံးဦးဒဏ်ရာပြင်းထန် ၊ ထွက်ပြေးသူများအား ထိုင်းစစ်တပ်
မှ လိုက်လံ ဖမ်းဆီး ᠌᠌᠌

၂၀၁၇ ဇွန်လ ၄ ရက်
ရွှေလုပ်သား

       ယမန်နေ့ညပိုင်းက မြန်မာ၈၀ ဦးကို တင်ဆောင်လာပြီး မဲဆောက်ဖက်မှ မောင်းနှင်လာသော ၁၈ ဘိမ်း ကုန်တင်ကား  တာ့ခရိုင်အတွင်း စစ်ဆေးရေးဂိတ်တွင် ထွက်ပြေးသဖြင့် ထိုင်းအာဏာပိုင်များနှင့် ထိုင်းစစ်တပ်မှ လိုက်လံဖမ်းဆီးရာ
ကားတိမ်းမှောက်သွားခဲ့ပြီး ဖမ်းဆီးမိခဲ့သည် ဟု
ထိုင်းဘာသာဖြင့်ရေးသားထားသည့် မန်နေဂျာအွန်လိုင်း သတင်းတွင် ဖေါ်ပြထားသည်။

     ဘန်ကောက်တွင် အလုပ်ကောင်းကောင်းရမည် ဆိုပြီး မြန်မာအလုပ်သမားတစ်ယောက်ကိုဘတ်ငွေ တစ်သောင်းနူန်းဖြင့် ကားပေါ်တင်လာခဲ့ကြကြောင်း ထိုင်းသတင်းတွင် ရေးသားထားသည်။
        တာ့ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံပဲ ကုန်တင်ကားက မောင်းပြေးခဲ့ရာ ကားတိမ်း မှောက်သွားသဖြင့် မြန်မာ(၃) ဦး ဒဏ်ရာ  အပြင်းအထန်ရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးဝါးကုသမှုခံနေရသည်။

ထွက်ပြေးသူများ( ၂၀) ဦးကို ဖမ်းဆီးရမိလိုက်ပြီး ထွက်ပြေးပုန်းရှောင်နေသူများကို ထိုင်းစစ်တပ်က တောနင်း၍ ပိုက်စိုက်တိုက် ရှာဖွေနေကြောင်း ထိုင်းသတင်းတွင် ရေးသားထားသည်။
ယခုဖမ်းဆီးခံရသော မြန်မာများမှာ မြန်မာပြည်တွင်း မှ ထိုင်းနိင်ငံသို့ အထောက်အထားမဲ့ဝင်ရောက်ပြီး
အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နိင်ရန် မြန်မာလူပွဲစားများအား ငွေကြေးတစ်ဦးလျှင် ဘတ်ငွေတစ်သောင်းအထက်ပေးချေလာရောက်သူများ ဖြစ်ကြောင်းနောက်ဆက်တွဲ ထပ်မံသိရပါသည်။

Photo - မန်နေဂျာအွန်လိုင်း
သတင်း ...
ရဲမင်း(AAC @ RAKSTHAI foundation)
Credit


No comments:

Powered by Blogger.