Yllix

မိခင္​တိုင္​း သိထားသင္​့တယ္​

【  က်န္းမာေရး  】၀မ္းအခ်ဳပ္လြန္သူ မစင္ ၁၃ ကီလိုဂရမ္ကုိ ခြဲထုတ္ျပီး
ေနာက္ အသက္ေဘးမွ လြတ္ေျမာက္
================================================
Ref : Asiaone
ဇြန္ ၁၄

တရုတ္ႏုိင္ငံမွာရွိတဲ့ ခြဲစိတ္ကုဆရာ၀န္ေတြဟာ အသက္ ၂၂ ႏွစ္အရြယ္ သာရွိေသးတဲ့ လူငယ္တစ္ဦးရဲ႕ အလြန္တင္းၾကပ္ေနတဲ့၀မ္းဗိုက္ကုိ ခြဲစိတ္ကုသေပးခဲ့ရပါတယ္။

သူဟာ အလြန္အမင္း၀မ္းခ်ဳပ္ေနခဲ့ျပီးသူ႕ရဲ႕ဗိုက္ဟာ ေပါက္ကဲြထြက္ေတာ့ မယ္လို႔ ထင္မွတ္မွားစရာျဖစ္ေနေၾကာင္း ေဒသတြင္း မီဒီယာမ်ား က ေဖာ္ျပ ခဲ့ၾက ပါတယ္။

က်ဴးဟုိင္ဆိုတဲ့ အသက္ ၂၂ ႏွစ္အရြယ္ တရုတ္လူငယ္ တစ္ဦးဟာ ျပီးခဲ့တဲ့ အပတ္က ျပင္းထန္စြာဗုိက္ေအာင့္တဲ့ ေ၀ဒနာခံစားေနရတဲ့အတြက္ ရွန္ဟုိင္းျမိဳ႕မွ ေဆးရံုတစ္ခုကုိေရာက္ရွိလာခဲ့ပါတယ္။
စီတီစကန္ (CT scan) ဓာတ္မွန္ရုိက္ကူးမႈအရသူ႕ရဲ႕ အူမၾကီးထဲမွာ မစင္အေျမာက္အမ်ားကုိေတြ႕ရွိခဲ့ရပါတယ္။

က်ဴးကသူဟာငယ္စဥ္ကတည္းက ၀မ္းခ်ဳပ္တဲ့ဒဏ္ကုိခံခဲ့ရေၾကာင္း၊ ၀မ္းႏႈတ္ေဆးပံုမွန္မီ၀ဲေသာ္လည္း အနည္းငယ္သက္သာရံုသာရွိျပီး စိတ္ေက်နပ္မႈရွိေအာင္ ျပည့္ျပည့္၀၀ ၀မ္းမသြားခဲ့ဖူးေၾကာင္း ဆရာ၀န္မ်ား ကုိေျပာျပခဲ့ပါတယ္။

သူ႕မိဘေတြကေတာ့ ေ၀ဒနာသိပ္မဆိုးလွဘူးလို႕ထင္လို႔ ႏွစ္ေပါင္းမ်ားစြာကုသျခင္းမရွိဘဲ ထားခဲ့တာျဖစ္ပါတယ္။ အေျခအေနက ဆိုးသည္ထက္ ဆိုးလာတာေၾကာင့္ အခုလို အေရးေပၚကုသမႈ ခံယူရတဲ့ အဆင့္အထိ
ေရာက္ ရွိ လာတာပါ။

သံုးနာရီၾကာခြဲစိတ္မႈအတြင္း က်ိဳးရဲ႕အူမၾကီး အစိတ္အပုိင္း အခ်ိဳ႕ကုိ ဖယ္ရွားပစ္ခဲ့ရျပီး မစင္ ၁၃ ကီလိုဂရမ္ပါေသာ ၇၆ စင္တီမီတာ အရွည္ အပုိင္း ကုိ လွီးထုတ္ ခဲ့ရတယ္လုိ႕သိရပါတယ္။

သူ႕ရဲ႕ေမြးရာပါစျမင္းတံုးပိတ္ဆို႕တဲ့ေရာဂါကုိ ဆက္လက္ ကုသေနျပီျဖစ္ တယ္ လို႔သိရပါတယ္။ အူမၾကီးမွာ အာရံုခံဆဲလ္မ်ား မပါရွိမႈေၾကာင့္ ၀မ္းတြင္း အညစ္အေၾကးမ်ား ကုိတြန္းထုတ္ႏိုင္ျခင္းမရွိဘဲ ကာလၾကာ ရွည္မကုသဘဲ ပစ္ထားပါက ေၾကာက္မက္ဖြယ္ ဧရာမအူမၾကီး (megacolon) အဆင့္ သို႔ေျပာင္းလဲေရာက္ရွိသြားႏိုင္တယ္လို႔ ဆရာ၀န္ မ်ား ကဆိုပါတယ္။
 
ကုသမႈရဲ႕ ကနဦးအဆင့္အျဖစ္ေရာဂါျဖစ္ပြားေနတဲ့အစိတ္အပုိင္းကုိ ဖယ္ထုတ္ ရျပီး အဆိုပါေရာဂါရွိသူမ်ားဟာ အသက္အႏၱရာယ္ ကုိ ထိခုိက္ေစတဲ့အူလမ္းေၾကာင္းတစ္ေလွ်ာက္ ေယာင္ယမ္းၾကီးထြားလာျခင္း
ေ၀ဒနာကုိ ျဖစ္ပြားရန္အလားအလာမ်ားတတ္ၾကတယ္လို႔သိရပါတယ္။

ေမြးျပီး ၄၈ နာရီအၾကာအထိ အူလမ္းေၾကာင္း လႈပ္ရွားမႈ မရွိေသာ ကေလးငယ္မ်ား အရြယ္ေရာက္လာေသာအခါ ယခုလိုျဖစ္ပြားတတ္ျပီး အျဖစ္နည္းေပမယ့္ မိဘမ်ားအေနျဖင့္ ဂရုစုိက္ၾကဖို႔လုိေၾကာင္း ဆရာ၀န္ မ်ားက ေဒသတြင္းမီဒီယာမ်ားကိုေျပာၾကားခဲ့ပါတယ္။    ။

Thomas 

( unicode  )

【  ကျန်းမာရေး  】ဝမ်းအချုပ်လွန်သူ မစင် ၁၃ ကီလိုဂရမ်ကို ခွဲထုတ်ပြီး
နောက် အသက်ဘေးမှ လွတ်မြောက်
================================================
Ref : Asiaone
ဇွန် ၁၄

တရုတ်နိုင်ငံမှာရှိတဲ့ ခွဲစိတ်ကုဆရာဝန်တွေဟာ အသက် ၂၂ နှစ်အရွယ် သာရှိသေးတဲ့ လူငယ်တစ်ဦးရဲ့ အလွန်တင်းကြပ်နေတဲ့ဝမ်းဗိုက်ကို ခွဲစိတ်ကုသပေးခဲ့ရပါတယ်။

သူဟာ အလွန်အမင်းဝမ်းချုပ်နေခဲ့ပြီးသူ့ရဲ့ဗိုက်ဟာ ပေါက်ကွဲထွက်တော့ မယ်လို့ ထင်မှတ်မှားစရာဖြစ်နေကြောင်း ဒေသတွင်း မီဒီယာများ က ဖော်ပြ ခဲ့ကြ ပါတယ်။

ကျူးဟိုင်ဆိုတဲ့ အသက် ၂၂ နှစ်အရွယ် တရုတ်လူငယ် တစ်ဦးဟာ ပြီးခဲ့တဲ့ အပတ်က ပြင်းထန်စွာဗိုက်အောင့်တဲ့ ဝေဒနာခံစားနေရတဲ့အတွက် ရှန်ဟိုင်းမြို့မှ ဆေးရုံတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။
စီတီစကန် (CT scan) ဓာတ်မှန်ရိုက်ကူးမှုအရသူ့ရဲ့ အူမကြီးထဲမှာ မစင်အမြောက်အများကိုတွေ့ရှိခဲ့ရပါတယ်။

ကျူးကသူဟာငယ်စဉ်ကတည်းက ဝမ်းချုပ်တဲ့ဒဏ်ကိုခံခဲ့ရကြောင်း၊ ဝမ်းနှုတ်ဆေးပုံမှန်မီဝဲသော်လည်း အနည်းငယ်သက်သာရုံသာရှိပြီး စိတ်ကျေနပ်မှုရှိအောင် ပြည့်ပြည့်ဝ၀ ဝမ်းမသွားခဲ့ဖူးကြောင်း ဆရာဝန်များ ကိုပြောပြခဲ့ပါတယ်။

သူ့မိဘတွေကတော့ ဝေဒနာသိပ်မဆိုးလှဘူးလို့ထင်လို့ နှစ်ပေါင်းများစွာကုသခြင်းမရှိဘဲ ထားခဲ့တာဖြစ်ပါတယ်။ အခြေအနေက ဆိုးသည်ထက် ဆိုးလာတာကြောင့် အခုလို အရေးပေါ်ကုသမှု ခံယူရတဲ့ အဆင့်အထိ
ရောက် ရှိ လာတာပါ။

သုံးနာရီကြာခွဲစိတ်မှုအတွင်း ကျိုးရဲ့အူမကြီး အစိတ်အပိုင်း အချို့ကို ဖယ်ရှားပစ်ခဲ့ရပြီး မစင် ၁၃ ကီလိုဂရမ်ပါသော ၇၆ စင်တီမီတာ အရှည် အပိုင်း ကို လှီးထုတ် ခဲ့ရတယ်လို့သိရပါတယ်။

သူ့ရဲ့မွေးရာပါစမြင်းတုံးပိတ်ဆို့တဲ့ရောဂါကို ဆက်လက် ကုသနေပြီဖြစ် တယ် လို့သိရပါတယ်။ အူမကြီးမှာ အာရုံခံဆဲလ်များ မပါရှိမှုကြောင့် ဝမ်းတွင်း အညစ်အကြေးများ ကိုတွန်းထုတ်နိုင်ခြင်းမရှိဘဲ ကာလကြာ ရှည်မကုသဘဲ ပစ်ထားပါက ကြောက်မက်ဖွယ် ဧရာမအူမကြီး (megacolon) အဆင့် သို့ပြောင်းလဲရောက်ရှိသွားနိုင်တယ်လို့ ဆရာဝန် များ ကဆိုပါတယ်။
 
ကုသမှုရဲ့ ကနဦးအဆင့်အဖြစ်ရောဂါဖြစ်ပွားနေတဲ့အစိတ်အပိုင်းကို ဖယ်ထုတ် ရပြီး အဆိုပါရောဂါရှိသူများဟာ အသက်အန္တရာယ် ကို ထိခိုက်စေတဲ့အူလမ်းကြောင်းတစ်လျှောက် ယောင်ယမ်းကြီးထွားလာခြင်း
ဝေဒနာကို ဖြစ်ပွားရန်အလားအလာများတတ်ကြတယ်လို့သိရပါတယ်။

မွေးပြီး ၄၈ နာရီအကြာအထိ အူလမ်းကြောင်း လှုပ်ရှားမှု မရှိသော ကလေးငယ်များ အရွယ်ရောက်လာသောအခါ ယခုလိုဖြစ်ပွားတတ်ပြီး အဖြစ်နည်းပေမယ့် မိဘများအနေဖြင့် ဂရုစိုက်ကြဖို့လိုကြောင်း ဆရာဝန် များက ဒေသတွင်းမီဒီယာများကိုပြောကြားခဲ့ပါတယ်။    ။

Thomas
Credit


No comments:

Powered by Blogger.