Yllix

ဘြဲ႔ရအမ်ိဳးသမီးဗိုလ္​​ေလာင္​းမ်ား အလို႐ွိသည္​

ဘြဲ႕ရအမ်ဳိးသမီးဗုိလ္ေလာင္းမ်ား အလုိရွိသည္

၁။ ေလွ်ာက္ထားသူသည္-

(က) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသား အိမ္ေထာင္မရွိဖူးသူ (အပ်ဳိ ) ျဖစ္ရမည္။
( ခ) အနည္းဆံုး အရပ္ (၅) ေပ (၃) လက္မႏွင့္ ကိုယ္အေလးခ်ိန္ေပါင္ (၁၀၀) ထက္မနည္းရ၊ ေပါင္ (၁၃၀) ထက္မေက်ာ္ရ။
(ဂ) မ်က္မွန္တပ္ဆင္ထားသူမျဖစ္ေစရ။
(ဃ) တကၠသုိလ္တစ္ခုခုမွ ေအာက္ပါဘြဲ႕ရရွိသူမ်ား ျဖစ္ရမည္-

(၁) ၀ိဇၨာဘြဲ႕မ်ား (ျမန္မာစာ၊ အဂၤလိပ္စာ၊ ပထ၀ီ၀င္၊ သမိုင္း၊ စိတ္ပညာ၊ ႏိုင္ငံတကာဆက္ဆံေရး၊ စာၾကည့္တိုက္ႏွင့္သုတပညာ၊ သတင္းအတတ္ပညာ)။
(၂) ၀ိဇၨာဘြဲ႕(ႏိုင္ငံျခားဘာသာ)မ်ား (တ႐ုတ္၊ အဂၤလိပ္၊ ျပင္သစ္၊ ဂ်ာမန္)။
(၃) ၀ိဇၨာဘြဲ႕(ယဥ္ေက်းမႈ/အႏုပညာ)မ်ား (ဂီတ၊ သဘင္၊ ႐ုပ္ရွင္ႏွင့္ျပဇာတ္)။
(၄) သိပၸံဘြဲ႕မ်ား (ဓာတုေဗဒ၊ ႐ူပေဗဒ၊ သခ်ၤာ၊ သတၱေဗဒ၊ ႐ုကၡေဗဒ၊ အဏုဇီ၀ေဗဒ၊ ဇီ၀ဓာတုေဗဒ၊ ဇီ၀နည္းပညာ၊ စာရင္းအင္း၊ ကုန္ထုတ္ဓာတုေဗဒ၊ အဏၰ၀ါသိပၸံ)။
(၅) စိုက္ပ်ဳိးေရးသိပၸံပညာဘြဲ႕
(၆) ဥပေဒဘြဲ႕
(၇) စီးပြားေရးဆိုင္ရာဘြဲ႕မ်ား ၀ိဇၨာဘြဲ႕(ေဘာဂေဗဒ၊ ၀ါဏိဇၨ၊ စာရင္းအင္းပညာ၊ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ၊ ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈ၊ စာရင္းကိုင္ပညာ)။ စီးပြားေရးသိပၸံဘြဲ႕(စာရင္းကိုင္ႏွင့္ဘ႑ာေရးပညာ၊ အသံုးခ် စာရင္းအင္းပညာ၊ လူမႈစီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈပညာ)။
(၈) နည္းပညာဆိုင္ရာဘြဲ႕မ်ား (သတင္းအခ်က္အလက္သိပၸံႏွင့္နည္းပညာ၊ ခ်ည္မွ်င္ႏွင့္အထည္အင္ဂ်င္ နီယာ၊ဗိသုကာ)။
(၉) တိရစာၦန္ေဆးပညာဘြဲ႕

( င ) ဘြဲ႕လက္မွတ္ (မူရင္း) ႏွင့္ ဘြဲ႕ရအမွတ္စာရင္း တင္ျပႏိုင္ရမည္။
(စ) မဟာဘြဲ႕တက္ေရာက္ရန္ အဆင့္မီသူဦးစားေပးမည္။ မဟာဘြဲ႕ရရွိၿပီးသူ၊ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားလည္း ေလွ်ာက္ထားႏိုင္သည္။
(ဆ) ၂၀၁၇ခုႏွစ္၊ ဇန္န၀ါရီလ ၁ ရက္ေန႔တြင္ အသက္ ၂၅ ႏွစ္ထက္ မေက်ာ္လြန္ေစရ။ မဟာဘြဲ႕ ရရွိၿပီးသူမ်ားအေနျဖင့္ ၂၇ ႏွစ္ထိ လည္းေကာင္း၊ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားအေနျဖင့္ ၃၀ ႏွစ္ထိ လည္းေကာင္း ေလွ်ာက္ထားႏိုင္သည္။
(ဇ) ဗိုလ္ေလာင္းသင္တန္း တက္ေရာက္ေအာင္ျမင္ၿပီးပါက ဒုတိယဗိုလ္အဆင့္ စတင္ခန္႔အပ္ျခင္းခံရမည္။ မဟာဘြဲ႕ရရွိၿပီးသူ၊ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားသည္ ဗိုလ္အဆင့္ စတင္ခန္႔အပ္ျခင္းခံရမည္။
(စ်) တပ္မေတာ္မွေလ့က်င့္သင္ၾကားမႈစနစ္အတိုင္း လိုက္နာေဆာင္ရြက္ႏိုင္သူ ျဖစ္ရမည္။

၂။ ေလွ်ာက္လႊာမ်ားကို မိမိတို႔ႏွင့္နီးစပ္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားတြင္ အခမဲ့ ရယူႏိုင္သည္။

၃။ ေလွ်ာက္လႊာႏွင့္အတူ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာျပည္နယ္၊ တိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းတစ္ခုခုမွ ေထာက္ခံစာ(မူရင္း)၊ ပတ္စ္ပို႔အရြယ္ ဓာတ္ပံု ၃ ပံုႏွင့္ တပ္မေတာ္ေဆး႐ံု/ ျပည္သူ႔ေဆး႐ံုတို႔မွ ပဏာမေဆးစစ္ေအာင္ျမင္ေၾကာင္း ေထာက္ခံခ်က္ ပူးတြဲတင္ျပရမည္။

၄။ အစိုးရ၀န္ထမ္းျဖစ္ပါက သက္ဆိုင္ရာ၀န္ႀကီးဌာန၏ ခြင့္ျပဳခ်က္ပါရွိရမည္။

၅။ ေလွ်ာက္လႊာမ်ားကို ၂၀၁၇ခုႏွစ္၊ ဇန္န၀ါရီလ ၁၀ ရက္ေန႔တြင္ စတင္ထုတ္ေပးမည္ျဖစ္ၿပီး ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္လႊာထုတ္ယူရရွိေသာ တိုင္းစစ္ဌာနခ်ဳပ္မွတစ္ဆင့္ စစ္ရာထူး ခန္႔ခ်ဳပ္႐ုံး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)သို႔ ေပးပို႔ၾကရမည္။

၆။ သတ္မွတ္ခ်က္ႏွင့္ျပည့္စံုၿပီး အရည္အခ်င္းျပည့္မီေသာ ေလွ်ာက္လႊာရွင္မ်ားသာ တပ္မေတာ္ဗိုလ္ေရြး အဖြဲ႕တြင္ ၀င္ေရာက္အစစ္ေဆးခံရမည္။ အစစ္ေဆးခံရန္ အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာတိုင္း စစ္ဌာနခ်ဳပ္မ်ားမွတစ္ဆင့္ အခ်ိန္မီေပးပို႔သြားမည္။

၇။ သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားအား တိက်ျပည့္စံုစြာ ေရးသားေဖာ္ျပျခင္းမရွိေသာ ေလွ်ာက္လႊာမ်ား၊ မမွန္မကန္ ျဖည့္စြက္ေရးသားေဖာ္ျပေသာ ေလွ်ာက္လႊာမ်ားႏွင့္ အခ်ိန္မီမေရာက္ရွိေသာ ေလွ်ာက္လႊာမ်ားအား ထည့္သြင္းစဥ္းစားမည္မဟုတ္ပါ။ မိမိတို႔ ေလွ်ာက္လႊာတင္သြင္းသည့္ တိုင္းစစ္ဌာန ခ်ဳပ္တြင္ ေရြးခ်ယ္ျခင္းခံရသည္/မခံရသည္ကို သြားေရာက္စံုစမ္းေမးျမန္းႏိုင္သည္။

စစ္ရာထူးခန္႔ခ်ဳပ္႐ုံး
ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)

(Unicode Version)

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ အလိုရှိသည်

၁။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို ) ဖြစ်ရမည်။
( ခ) အနည်းဆုံး အရပ် (၅) ပေ (၃) လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၁၀၀) ထက်မနည်းရ၊ ပေါင် (၁၃၀) ထက်မကျော်ရ။
(ဂ) မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။
(ဃ) တက္ကသိုလ်တစ်ခုခုမှ အောက်ပါဘွဲ့ရရှိသူများ ဖြစ်ရမည်-

(၁) ၀ိဇ္ဇာဘွဲ့များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ စာကြည့်တိုက်နှင့်သုတပညာ၊ သတင်းအတတ်ပညာ)။
(၂) ၀ိဇ္ဇာဘွဲ့(နိုင်ငံခြားဘာသာ)များ (တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်)။
(၃) ၀ိဇ္ဇာဘွဲ့(ယဉ်ကျေးမှု/အနုပညာ)များ (ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်)။
(၄) သိပ္ပံဘွဲ့များ (ဓာတုဗေဒ၊ ရူပဗေဒ၊ သချင်္ာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဇီဝဓာတုဗေဒ၊ ဇီဝနည်းပညာ၊ စာရင်းအင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ အဏ္ဏဝါသိပ္ပံ)။
(၅) စိုက်ပျိုးရေးသိပ္ပံပညာဘွဲ့
(၆) ဥပဒေဘွဲ့
(၇) စီးပွားရေးဆိုင်ရာဘွဲ့များ ၀ိဇ္ဇာဘွဲ့(ဘောဂဗေဒ၊ ၀ါဏိဇ္ဇ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စာရင်းကိုင်ပညာ)။ စီးပွားရေးသိပ္ပံဘွဲ့(စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ၊ အသုံးချ စာရင်းအင်းပညာ၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)။
(၈) နည်းပညာဆိုင်ရာဘွဲ့များ (သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာ၊ ချည်မျှင်နှင့်အထည်အင်ဂျင် နီယာ၊ဗိသုကာ)။
(၉) တိရစ္ဆာန်ဆေးပညာဘွဲ့

( င ) ဘွဲ့လက်မှတ် (မူရင်း) နှင့် ဘွဲ့ရအမှတ်စာရင်း တင်ပြနိုင်ရမည်။
(စ) မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူဦးစားပေးမည်။ မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်သည်။
(ဆ) ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၂၅ နှစ်ထက် မကျော်လွန်စေရ။ မဟာဘွဲ့ ရရှိပြီးသူများအနေဖြင့် ၂၇ နှစ်ထိ လည်းကောင်း၊ ပါရဂူဘွဲ့ရရှိပြီးသူများအနေဖြင့် ၃၀ နှစ်ထိ လည်းကောင်း လျှောက်ထားနိုင်သည်။
(ဇ) ဗိုလ်လောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့် စတင်ခန့်အပ်ခြင်းခံရမည်။ မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်ခြင်းခံရမည်။
(စျ) တပ်မတော်မှလေ့ကျင့်သင်ကြားမှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ရယူနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၃ ပုံနှင့် တပ်မတော်ဆေးရုံ/ ပြည်သူ့ဆေးရုံတို့မှ ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၄။ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရမည်။

၅။ လျှောက်လွှာများကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူး ခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ ပေးပို့ကြရမည်။

၆။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ၀င်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။

၇။ သတ်မှတ်ထားသည့် အချက်အလက်များအား တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာန ချုပ်တွင် ရွေးချယ်ခြင်းခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
Credit

No comments:

Powered by Blogger.