Yllix

 အဲ့စိတ်​ဓာတ်​ကိုကျ​တော့ ​လေစားမိပါတယ်

ခင်ဗျားတို့ ပေးတဲ့ ပိုက်ဆံကို မမက်ဘူး .. နိုင်ငံတော်က ပေးတဲ့ လစာနဲ့ဘဲ လောက်ငှ အောင်စားမယ်
============
မုံရွာမြို့နယ်၊ ကံပြားကြီးကျေးရွာမှာ မနေ့ညက ဇာတ်ပွဲကပြနေတာရှိတယ်။ အဲ့ဒီဇာတ်ပွဲပြန်သူတွေ စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့အတွက် မြို့ရှောင်လမ်းနဲ့ သာစည်လမ်းဆုံ ကြက်ဇုန်အ၀ိုင်းအနီးမှာ ရပ်ကင်းအဖွဲ့ တစ်ဖွဲ့ကို ညဦးပိုင်းကတည်းက သေခြာစနစ်တကျ တာဝန်ပေးအပ်ထားခဲ့တယ် ..။
ဒီလို တာဝန်ပေးအပ်ထားတယ်ဆိုတာ အခြားကြောင့် မဟုတ်ဘူး ။ ကုန်ကုန်ပြောရရင် ပွဲပြန်တွေထံက လုယက်မှုတွေ၊ ခိုက်ရန်မှုတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ် ရခြင်းဖြစ်တယ်…။
မနက် ၂ နာရီခွဲအချိန်မှာ မသင်္ကာဖွယ်ရာ စကူပီဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က ရပ်ကင်းအဖွဲ့ကို လာပြီး ဈေးစကားလာပြောတယ် ..။  အောင်မင်္ဂလာအ၀ိုင်းဘက်ကနေ သာစည်လမ်း ကြက်ဇုန်အ၀ိုင်းဘက်ကို မောင်းနင်းလာတဲ့ Counter အမျိုးအစား ခြောက်ဘီးယာဉ်တစ်စီးအား ဖမ်းဆီးခြင်း မပြုလုပ်ရန် လာရောက်ညှိနှိုင်းခြင်းဖြစ်တယ် ..။
ဒါနဲ့ ရပ်ကင်းအဖွဲ့က အဲ့ဒီကားကို ရပ်တန့်စစ်ဆေးလိုက်တဲ့အခါ  သစ်တောထွက် သယံဇာတ တည်းဟူသော သစ်ခွဲသားဆိုဒ်ကြီးတွေ ခန့်မှန်း သစ်တန်ချိန်(၆)တန်အား တရားမ၀င်သယ်ဆောင်လာတာကို တွေ့ရှိရတယ် ။ အဲ့ဒါကြောင့် အသပြာပေးပြီး လမ်းကြောင်းရှင်းတဲ့ သူရော၊ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ပါ အားလုံးကို ဖမ်းဆီးအရေးယူလိုက်တယ် ..။
ဒါဟာ နမူနာ (၁) လို့ပြောရမှာပါ ..။ တရားမ၀င် သစ်သယ်ဆောင်သူများက သွားလာ လာလမ်း သာယာဖြောင့်ဖြူးဖို့ အသပြာကို လမ်းခင်းတတ်ကြတယ် ..၊ ကျနော်တို့ မုံရွာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့များဟာ ခင်ဗျားတို့ပေးတဲ့ ခင်ဗျားတို့ လမ်းခင်းတဲ့ ပိုက်ဆံကို မမက်ဘူး …။ နိုင်ငံတော်က ပေးတဲ့ လစာပိုက်ဆံနဲ့ဘဲ မိသားစုဘ၀တွေ လောက်ငှအောင် စားသောက်နေထိုင်တယ်ဆိုတာ လက်တွေ့ပြသလိုက်တာပါ ..
နောက်ဒါမျိုး လာမလုပ်ပါနဲ့ …
ရဲအုပ် ရဲအောင်
မုံရွာနယ်မြေရဲစခန်းမှူး
Credit


No comments:

Powered by Blogger.