စစ်တွေမြို၌ သိန်း၃၀၀ကျော်ဖိုး စိတ်ကြွဆေးပြား ၁၀၃၂၀ပြားဖမ်းဆီးရမီ
စစ်တွေမြို့၌ သိန်း၃၀၀ကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြား ၁၀၃၂၀ ပြားဖမ်းဆီးရမိ
***************************************
ဇွန် ၂ ၊ ၂၀၁၇
စစ်တွေမြို့ လမ်းမတော်ရပ်ကွက်စက်ရုံလမ်းမှာ သိန်း၃၀၀ကျော်တန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၃၂၀ပြား ဖမ်းဆီးရမိခဲ့ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၃၁ ရက် ည (၉)နာရီ မိနစ်(၅၀)က စစ်တွေမြို့ လမ်းမတော်ရပ်ကွက် စက်ရုံလမ်း၌ သတင်းအရ ဆတ်ရိုးကျ ရပ်ကွက်နေသူ မမြင့်မြင့်သန်း (၃၇)နှစ်အား ရှာဖွေရာ အပြာရောင် လက်ဆွဲအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၇၀၀၀ ပြားနှင့် ၎င်း၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြား ၃၃၂၀ ပြား စုစုပေါင်းစိတ်ကြွဆေးပြား ၁၀၃၂၀ ပြား ကာလတန်ဖိုး ၃၀,၉၆၀,၀၀၀ ကျပ် သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းရာ တစ်ရက်ကွက်တည်းနေ ဦးဂိုးချေ(စိစစ်ဆဲ)မှ လမ်းမ မြောက်ရပ်ကွက်ရှိ စတားတည်းခိုခန်းရှေ့သို့ လာရောက်ယူဆောင်မည့်သူအား သွားရောက် ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ မမြင့်မြင့်သန်းနှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
Credit
No comments: