ထောင်ဆယ်နှစ်ကျတာတောင် ဂုဏ်ထူးနဲ့ အောင်တယ်နော်။ဘယ်လိုတွေကြိုးစားပါလိမ့်
တကယ်လေးစားပါတယ်
တက္ကသိုလ်ဝင် စာမေးပွဲကို သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ထောင်ဒဏ် ၁၀ နှစ်ကျအကျဉ်းသား
သုံးဘာသာဂုဏ်ထူးရရှိခဲ့သူ အသက် ၁၉ နှစ်အရွယ် မအမြူး ခေါ် မရွှန်းလဲ့ဝေဟာ ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ အကျဉ်းသူတစ်ယောက်ဟာ အိုးဘိုအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီး သုံးဘာသာ ဂုဏ်ထူးရခဲ့တယ်လို့ DVB ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
“ဘောဂဗေဒ၊ ပထဝီနဲ့ သမိုင်း ဂုဏ်ထူးရတာပါ။ အရင်ကတော့ တစ်ဘာသာဂုဏ်ထူးတွေ ရဖူးပေမယ့် သုံးဘာသာရတာကတော့ ပထမဆုံး ဖြစ်ပါတယ်” လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောထားကြောင်း ဒီဗွီဘီမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
သုံးဘာသာဂုဏ်ထူးရရှိခဲ့သူ အသက် ၁၉ နှစ်အရွယ် မအမြူး ခေါ် မရွှန်းလဲ့ဝေဟာ မူးယစ်ဆေးလက်ဝယ်တွေ့မှု ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတာဖြစ်ပါတယ်။
“တကယ်လို့ တက္ကသိုလ်ဆက်တက်မယ့်အချိန် ထောင်ကမလွတ်သေးရင် ဒီထဲကပဲ တက်နိုင်အောင် စီစဉ်ပေးမှာပါ။ ဒါကလည်း ၂၀၁၃ ကတည်းက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ” လို့ ဦးမင်းထွန်းစိုးက ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
အိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင် ၄ ယောက်ထိ ရှိတာ ဖြစ်ပါတယ်။
အင်းစိန်ထောင်ကတော့ ၂၈ ယောက် ဖြေတာမှာ တစ်ဘာသာဂုဏ်ထူးရှင် တစ်ယောက်အပါအဝင် ၉ ယောက် အောင်မြင်တာဖြစ်ပါတယ်။
Source: DVB
No comments: