မသိရင်မပြောနဲ့ သေခြာလေ့လာ အရေးကြီးပါတယ်ရှယ်ပေးကြပါ။
ဝေဖန်တယ်ဆိုသော်လည်း
-------------------------
ဗုဒ္ဓဘာသာနဲ့ ပါတ်သတ်တဲ့ ရဟန်းသံဃာတော်များကို ဝေဖန်တဲ့အခါ
ကြောင်းကျိုးဆီလျှော်မှု့နဲ့  ဘာသာတရားရဲ့ အတိမ်အနက်ကို သိမှ
ဝေဖန်ဖို့  သင့်လျှော်ပါတယ်
အထူးသဖြင့် သီလ သမာဓိ ပညာ နဲ့ 
ပြည့်စုံတဲ့ ဆရာတော်ကြီးများကို
ဝေဖန်တဲ့အခါ မှားယွင်းခဲ့မယ်ဆိုရင်
မိမိအတွက် များစွာနစ်နာတက်ပါတယ်
ဘုရားရှင်လက်ထက်က ရဟန္တာတစ်ပါး
သစ်ပင်အောက်မှာ အိပ်နေတာကို
မိန်းမတယောက်က အပေါ်ကနေထိုင်ပြီး
အလိုရှိတိုင်းပြုကျင့်ခဲ့တယ် ရဟန္တာက
နိုးလာပြီး ပါရာဇိက အတွက်သံသယ
ရှိတယ် အဲဒါနဲ့ ဘုရားရှင်ကိုလျှောက်တယ်
ဘုရားရှင်က ချစ်သား သင်သာယာမိသလားဆိုတော့
တပည့်တော် သိတောင်မသိလိုက်ပါဘူးဘုရား
လို့ လျှောက်တဲ့အခါ ချစ်သား မသိလိုက်ဘူး မသာယာဘူးဆိုရင်
ပါရာဇိက မကျဘူး တဲ့
စိတ်သာအဓိကမို့ 
တချို့ကိစ္စတွေက မျက်မြင်နဲ့ ဆုံးဖြတ်လို့ 
မရနိုင်ပါဘူး
ဝေဘူဆရာတော်ဘုရားကြီးကို
မီးရထားဝန်ကြီးဦးသိန်းညွန့် က ကပ်တဲ့သူရှိလို့  ရွှေခွက်နဲ ရေသောက်တဲ့အခါ အရှင်ဘုရား
ရဟန်းဆိုတာ ရွှေငွေ မကိုင်ကောင်းဘူးဆိုတော့ ရွှေခွက်ကို
ကိုင်တာ အရှင်ဘုရား သင့်လျှော်ပါ့မလား
ဘုရား အာပတ်မသင့်ဘူးလားဘုရား လို့ 
လျှောက်တယ်
ဝေဘူဆရာတော်ဘုရားကြီးက အရိယာကြီးပါ အရိယာတို့ မည်သည်
သိလျှက် အာပတ်ကို ကျူးလွန်ရိုးထုံးစံ
မရှိဘူး တဲ့ အလှူရှင်က ရွှေခွက်နဲ့ ကပ်တော့လည်း ရွှေခွက်နဲ့ ပဲ ဘုန်းပေးရတာပေါ့
ဒါနဲ့  ဦးသိန်းညွန့် ကို ဝေဘူဆရာတော်ဘုရားကြီးက
တခွန်းတည်း ပြန်ပြောလိုက်တယ်
တို့ က အလုပ်နဲ့  နေတာ ဗျ တဲ့
တကယ်တော့ ဥာဏ်ကြီးသူတွေရဲ့
လုပ်ရပ်ကို ဥာဏ်နည်းသူတွေက
မဝေဖန်တာ အကောင်းဆုံး ပါ ပဲ
ဦးမြင့်ခိုင်
share
No comments: