Yllix

ငွေအားမတက်​နိုင်​​သော်​လည်​ share ခြင်းဖြစ်​ကူကြမယ်


မဇင်မာဦး
အသက် ၂၁ နှစ်
(၁၂l၆l၂၀၁၇ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တိုက်ပေါ်မှ ခုန်ချ သေဆုံးခဲ့သည်)
မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာ
ရခိုင်တိုင်းရင်းသား မျိုးနွယ်စု(၇)မျိုးထဲမှ ဗုဒ္ဓဘာသာဝင် မြိုအမျိုးသမီး။ 
သူမငယ်စဉ်ကတည်းက မိခင်မှာ သေဆုံးသွားခဲ့ပြီး ဖခင်မှာ 
ကျောက်တော်မြို့နယ်ဘက်တွင် နောက်အိမ်ထောင်ပြုသွားသည်။ 
မွေးချင်းမောင်နှမ မရှိ။ တစ်ဦးတည်းသော သမီး။ 
ငယ်စဉ်ကပင် အဖိုး ဦးမောင်ကျော် (၇၈ နှစ်)နှင့် အဖွား ဒေါ်သန္တာခိုင် (၇၃ နှစ်)တို့ 
လက်ထဲမှာ ကြီးပြင်းခဲ့သည်။ ကျေးရွာတွင် ဆွေးမျိုးရင်းချာအဖြစ် အဒေါ်နှစ်ဦးရှိသည်။ ၉ တန်းပညာထိကို ကျီးရာပြင်ကျေးရွာတွင် 
သင်ယူခဲ့သည်။ ရွာမှ အဆက်အသွယ်ဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။ 
ဂူတလုံးကျကျေးရွာမှာ အိမ်ခြေ ၆၀ ၀န်ကျင်းလောက်သာရှိပြီး အများစုမှာ 
ဆင်းရဲကြသည်။ တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
ပုံပါအိမ်မှာ သူမနေထိုင်ခဲ့သည့် ကျေးရွာက နေအိမ်ပုံဖြစ်သည်။ ပုံပါ အဘိုးအဘွားမှာ သူမ၏ အဘိုးအဘွားများဖြစ်ကြသည်။ 

(ကျွန်တော်၏ တသီးပုဂ္ဂလအနေဖြင့် တောင်းဆိုရလျှင် အဘိုးအဘွားများကို ကူညီပေးစေလိုပါသည်။ ဒီတစ်ရက်နှစ်ရက်အတိုးအတွင်း သူမတို့မိသားစုဆီသို့ ကျွန်တော်သွားရောက်ပါမည်)

ဝေဟင်အောင်
၁၄l ၆l ၂၀၁၇။

https://www.facebook.com/AungKyawWin.iTZone/posts/1386319614817146

စင်ကာပူမှာ အလှူခံ https://www.facebook.com/ShweJournal/posts/1399367626819875

No comments:

Powered by Blogger.