Yllix

နိုင်​ငံ​တော်​သံဃမဟာနာယကအဖွဲ့ညွှန်​ကြားလွှာအမှတ်​၁၄အရ ရဟန်း​တော်​များ​နေထိုင်​ရာ​ကျောင်း​.​ကျောင်းတိုက်​များရှိအမြဲ​နေလူပုဂ္ဂိုလ်​များကို ဖယ်​ရှားသွားမည်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ် (၁၄)အရ ရဟန်းတော်များ
နေထိုင်ရာ ကျောင်း၊ကျောင်းတိုက်များရှိ အမြဲ​နေလူပုဂ္ဂိုလ်​များကို ဖယ်ရှားသွားမည်
------------------------------------------------------------------------------------------------------
မန္တ​လေးမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်း​တော်​ကြီး​ကျောင်းများအတွင်း အမြဲ​နေထိုင်​လျှက်​ရှိ​သော
လူပုဂ္ဂိုလ်​များကို  ဇူလိုင်​လအကုန်​တွင်​ ဖယ်​ရှားသွားမည်​ဖြစ်​ပြီး အဆိုပါရက်​ထက်​​ကျော်​​လွန်
နေထိုင်​သူများကို တည်​ဆဲဥပ​ဒေအရ အ​ရေးယူသွားမည်​ဖြစ်​ကြောင်း သိရသည်​။

နိုင်ငံတော်သဃာ့မဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ်(၁၄)အရ ရဟန်းတော်များနေထိုင်ရာ
ကျောင်း၊ ကျောင်းတိုက်များရှိ အမြဲနေ လူပုဂ္ဂိုလ်​များ ဖယ်ရှားပေးရန်ကိစ္စနှင့်ပတ်သက်၍
ဇွန်​လ ၁၀ရက်​​နေ့ မွန်းလွဲ ၂နာရီက မန္တ​လေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ သီရိမင်္ဂလာဂွေးချိုတိုက်၊
မေသက်ဘရားသားကျောင်းရှိ မြို့နယ်သံဃာနာယကအဖွဲ့ရုံးတွင် အစည်းအဝေးကျင်းပရာ
မြို့နယ်​သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တပညိန္ဒာဘိဝံသ က ဘုရားရှင်​၏ အလိုဆန္ဒ​တော်​နှင့်
လည်း​ကောင်း၊ ဓမ္မဝိနယများနှင့်​လည်း​ကောင်း ဆန့်​ကျင်​​နေသည့်​ သက်​ကြီးရွယ်​အို သား၊သမီး
ကျော​ထောက်​​နောက်​ခံမရှိ​သော ရဟန်း ခမည်း​တော်​၊ မယ်​​တော်​များမှတပါး မာတုဂါမများ
အပါအဝင်​ အမြဲ​နေထိုင်သူ လူပုဂ္ဂိုလ်​များကို ဖယ်​ရှား​ပေးရန်​ ဆုံးဖြတ်​ချက်​ ၁၀/၈၀ကို ဆုံးဖြတ်
ခဲ့ခြင်းဖြစ်​ကာ ရပ်​ကွက်​သံဃနာယကအဖွဲ့များအ​နေဖြင့်​ သက်​ဆိုင်​ရာ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများ
နှင့်​ ပူး​ပေါင်း၍ စာရင်းများ​ကောက်​ယူပြုစုသွားရန်​နှင့်​ ၎င်းစာရင်းများကို စိစစ်၍ ဇူလိုင်​လအတွင်း 
နောက်​ဆုံးထားဖယ်​ရှားသွားမည်​ဖြစ်ကြောင်း၊ အဆိုပါ ရက်​ထက်​​ ​ကျော်​​လွန်​နေထိုင်​သူများကို
တာဝန်ရှိအဖွဲ့အစည်းများက တည်​ဆဲဥပ​ဒေအရ အ​ရေးယူသွားမည်​ဖြစ်ကြောင်း မိန့်​ကြားသည်​။

အစည်းအ​ဝေးသို့ မြို့နယ်​သံဃနာယအဖွဲ့ဝင်​ဆရာ​တော်​များ၊ ရပ်​ကွက်​သံဃနာယကအဖွဲ့ ဥက္ကဌ
ဆရာ​တော်​များ၊ မြို့နယ်အထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​ဆွေ၊ မြို့နယ်
သာသနာ​ရေးမှူး ဦးဝင်းမြင့်​၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများတက်​​ရောက်​ကြကြောင်း သိရသည်​။

( Ah Lin Nge )
TheMandalayNewsJournal

ES
Credit


No comments:

Powered by Blogger.